Powered by Blogger.

လိမ်မာတဲ့ခွေးဟာ များသောအားဖြင့် ပရိယာယ်ကြွယ်ဝ

ခွေးတွေက သူတို့သခင်ဆီက အစာ ထက် ချီးမွန်းတာကို ပိုပြီးခံယူချင်ကြပါတယ်။

 ‘ကျွန်တော်တို့က ခွေး နဲ့ လူ ကြားက ဆက်ဆံရေးကို ပိုမိုနားလည်အောင်လေ့လာနေကြပါတယ်။ အဓိကကတော့ အစာအကြောင်းနဲ့ သူတို့ အချင်းချင်း ဘယ်လို ဆက်ဆံကြလဲ ဆိုတာကိုပေါ့’ လို့ အာရုံကြောသိပ္ပံပညာရှင် Gregory Berns က ပြောပါတယ်။.

‘ခွေး၁၅ ကောင်ကို သူတို့ရဲ့ အကျင့်စရိုက်နဲ့ ကွဲပြားတဲ့ အရာတွေကို လုပ်ဆောင်စေတဲ့အခါမှာ ၁၃ ကောင်က အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး သူတို့တော်တော်များများက အစားအစာထက် သခင်ဖြစ်သူရဲ့ ဂရုစိုက်မှုတွေ လိုချင်ကြတာကို တွေ့ရပါတယ်။ ကျန်တဲ့ ၂ကောင်ကတော့ အစာကိုသာ အသည်းအမဲ တောင်းဆိုကြပါတယ’် လို့ Berns ပြောပါတယ်။

အရင်က လေ့လာချက်တွေအရဆိုရင်လည်း ခွေးတွေက သူတို့နဲက မရင်းနှီးတဲ့ လူတွေနဲ့ ခွေးတွေထက် သူတို့ရဲ့ မိသားစုဝင်လူတွေကို ပိုအရေးပေးတာကိုတွေ့ရပါတယ်။

‘ခုချိန်မှာတော့ ခွေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ လူတွေရဲ့ စကားကို နားလည်နိုင်မှုအပေါ် စူးစမ်းလေ့လာနေပါတယ်။’

‘ခွေးတွေက လူတွေနဲ့ ထိတွေ့ရာမှာ ဆက်ဆံရေး အလွန်ကောင်းမွန်တဲ့အပြင် သူတို့ရဲ့ လူ့ပတ်ဝန်းကျင်နဲ့ တသားတည်းနေနိုင်တာတွေကြောင့် ခွေးတွေက ပတ်ဝန်းကျင်ဆက်ဆံရေးကို ကောင်းမွန်အောင် ဖန်တီးတတ်တဲ့ စံပြ တွေဖြစ်လာပါတယ်။’  လို့ Berns က ပြောပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref :UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment