‘ရှေ့အနာဂါတ်မှာ စိုက်ပျိုးမွေးမြူရေး သမားတွေကလည်း သူတို့ရဲ့ ကျောက်ပုဇွန်တွေကို လွယ်လွယ်ကူကူရနိုင်အောင်၊ ကြာရှည်ထိန်းသိမ်းနိုင်အောင် နဲ့ စိတ်ချရတဲ့ အဟာရဓါတ်တွေ ရရှိနိုင်အောင် နည်းအတက်ပညာတွေ နဲ့ လုပ်ဆောင်လာကြမှာပါ’ လို့ လေ့လာရေးပညာရှင် Kaori Wakabayashi က ပြောပါတယ်။
ကျောက်ပုဇွန်တွေက ဂျယ်လီငါးတွေကို ဘယ်လိုစားသုံးတယ်ဆိုတာ ကို ပိုမိုသိရှိနားလည်နိုင်စေဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ်မှာ ဒီအခွံမာရေသတ္တ၀ါရဲ့ အညစ်အကြေး ကို အနီးကပ် ကြည့်ရှုလေ့လာခဲ့ကြပါတယ်။.
ကျောက်ပုဇွန်ပိုးလောင်းတွေက သမုဒ္ဒယာထဲက ဂျယ်လီငါးပေါ်မှာ မကြာခဏ လိုက်ပါသွားလာပြီး ပင်လယ်က ဖန်တီးပေးထားတဲ့ ချွဲပြစ်တဲ့ အရာတွေအနေနဲ့ သွားလာနေစဉ်တလျှောက် ဖြည်းညှင်းစွာ စားသုံးလာပါတယ်။ ကျောက်ပုဇွန် တော်တော်များများရဲ့ အစာခြေလမ်းကြောင်းဟာ သူတို့ ခန္ဓာကိုယ်ကို ကာထားတဲ့ အခွံနဲ့ပဲ ကာထားတာဖြစ်ပြီး မြင်နိုင်တဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
အနုကြည့်မှန်ပြောင်း နဲ့ ကြည့်တဲ့အခါမှာတော့ အညစ်အကြေးတွေကို အမြှေးပါးလေးနဲ့ ထုတ်ထားတာကို လေ့လာသိရှိခဲ့ပါတယ်။
အမြှေးပါးဟာ အရည်မယိုစိမ့်နိုင်အောင် ပြုလုပ်ထားတာကိုတွေ့ရှိရပြီး ဂျယ်လီငါးတွေရဲ့ လက်ပုံစံ ပြွန်တံတွေရဲ့ ဒါဏ်ကို ကာကွယ်နိုင်တဲ့ ခံနိုင်ရည် အပြည့်အ၀ရှိတာ တွေ့ရပါတယ်။
‘သူတို့ရဲ့ အညစ်အကြေးတွေပေါ် မူတည်ပြီး ကျွန်တော်တို့က ကျောက်ပုဇွန်ပိုးလောင်းတွေ အရည်ပုံစံ အစားအစာတွေကိုလဲ စားသုံးနိုင်တယ်လို့ ယူဆပါတယ်။ဒီအချက်က စိုက်ပျိုးမွေးမြူရေးသမားတွေ ကျောက်ပုဇွန်တွေကို လုံလုံလောက်လောက် နဲ့ ကျန်းမားရေးနဲ့ ညီညွတ်အောင် မွေးမြူရေး တိုးတက်ဖို့အတွက် သိဖို့အရေးကြီးတဲ့ အချက်ပါ။ ကျောက်ပုဇွန်တွေက လူတွေအတွက် စိတ်ချရတဲ့ အစာတွေကို စားသုံးတာကိုလည်း သိရှိရပါတယ်’ လို့ Kaori က ပြောခဲ့ပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment