Powered by Blogger.

ကမ္ဘာတစ်ပတ်ကို လေယာဉ်နဲ့ပျံသန်းခဲ့တဲ့ ဆယ်ကျော်သက်


ဆယ်ကျော်သက်တစ်ဦးဖြစ်ပေမယ့် ကမ္ဘာကျော်အောင်လုပ်လို့ရတယ်ဆိုတာ သြစတြေးလျနိုင်ငံသား ဆယ်ကျော်သက်ဖြစ်သူ Lachlan Smart က ထပ်မံသက်သေပြလိုက်ပါပြီ။ အသက် ၁၈နှစ်အရွယ် Lachlan အနေနဲ့ ကမ္ဘာတစ်ပတ်ကို အင်ဂျင်တစ်လုံးထိုး လေယာဉ်ငယ်နဲ့ ပျံသန်းပြီး သက်သေပြလိုက်တာပါ။

Smart ဟာ ကမ္ဘာတစ်ပတ်ကို ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်လာခဲ့တာပါ။ သူ့အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းမြို့မှာ ဆင်းသက်ပြီး ၅၄ရက်ကြာခရီးကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပျံသန်းနိုင်ခဲ့တာကြောင့် အသက် ၁၈နှစ် ၇လနဲ့ ၂၁ရက်အရွယ်ရှိသူ Smart ဟာ ၂၀၁၄ခုနှစ်တုန်းက အသက် ၁၉နှစ်အရွယ် အမေရိကန်နိုင်ငံသာ Matt Guthmiller ရဲ့ စံချိန်ကိုချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

Smart အနေနဲ့ လမ်းတစ်လျှောက်မှာ နိုင်ငံ၁၅နိုင်ငံက ၂၄နေရာမှာ  ရပ်နားပြီး သူ့ရဲ့ခရီးစဉ်ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။


( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment