Powered by Blogger.

အစ္စရေးနိုင်ငံသား အနုပညာရှင်က ပင်လယ်သေ ထဲမှာ ဆား ပုံဆောင်ခဲ ၀တ်စုံ ဖန်တီး ပြသ


အစ္စရေးနိုင်ငံသား အနုပညာရှင် Sigalit Landau က ဥရောပရှေးဟောင်း အငွေ့အသက်တွေ ပါဝင်နေတဲ့ သူ့ရဲ့   စီမံကိန်း အသစ်တစ်ခုဖြစ်တဲ့ ‘Salt Bride’ မှာ  ဆားကိုအသုံပြုပြီး ဖန်တီးထားတဲ့ ၀တ်စုံကို ပြသခဲ့ပါတယ်။

Landau နဲ့အတူ ဓါတ်ပုံပညာရှင် Yotam From တို့က ဖန်တီးထားတဲ့ ရိုးရာဝတ်စုံတစ်ထည်ကို ဆားဓါတ်ကြွယ်ဝတဲ့ အစ္စရေးရဲ့ နာမည်ကျော် ပင်လယ်သေထဲမှာ နှစ်လကြာ နှစ်မြုတ်ထားပြီး ပြောင်းလဲလာပုံတွေကို ဓါတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။

ပြောင်းလဲလာပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားတဲ့ အတွဲလိုက် ဓါတ်ပုံ ၈ ပုံကို လန်ဒန်နိုင်ငံမှာ ရှိတဲ့ Marlborough Contemporary အနုပညာပြခန်းမှ စက်တင်ဘာလ ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

ရှေးခေတ် ဥရောပ သတို့သမီးတွေ ၀တ်ဆင်တဲ့  ၀တ်စုံပုံစံအတိုင်း  ဖန်တီးထားတဲ့ အမည်းရောင်ဂါဝန် အရှည်ကို  ဖန်တီးထားတာဖြစ်ပြီး ၀တ်ဆင်တဲ့ သတို့သမီး ဟာ ၀ိဥာည်ဆိုးတွေရဲ့ မှော်အတက်တွေကို ကြံ့ကြံ့ခံနေရတယ်လို့ သရုပ်ဖော်ထားတဲ့ ၀တ်စုံ ပုံစံ ဖြစ်ပါတယ်။

‘Salt Bride’ လို့ အမည်ရတဲ့ ဒီဝတ်စုံဟာ အမည်းရောင်ကနေ ဆားပွင့်ပုံဆောင်ခဲလေးတွေကြောင့် အဖြူရောင်တလက်လက် တောက်ပနေတဲ့ ၀တ်စုံအဖြစ် ပြောင်းလဲသွားပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ထဲက ဆားဓါတ်တွေက သေဆုံးခြင်းနဲ့ ရူးသွပ်ခြင်း ကိုပုံဖော်ထားတဲ့ သတို့သမီးဝတ်စုံကို မျှော်လင့်ထားတဲ့ ၀တ်စုံအဖြစ်ပြောင်းလဲခဲ့ပါတယ် ဆိုတဲ့ ဖော်ပြချက်နဲ့အတူ ပြသထားတာ ဖြစ်ပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment