Powered by Blogger.

လွှတ်တော်ကျင်းပနေချိန်အတွင်း Pokemon Go ဆော့နေလို့ နော်ဝေး အုပ်ချုပ်ရေးသမားတွေက ဖမ်းဆီး


နော်ဝေးနိုင်ငံက Liberal ပါတီရဲ့ ခေါင်းဆောင်က လွှတ်တော်ကျင်းပနေချိန်မှာ Pokemom Go ဆော့တာနဲ့ပတ်သတ်ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Trine Skei Grande ဟာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ကာကွယ်ရေးနဲ့ ချစ်ကြည်ရေး ကော်မတီက ပြုလုပ်တဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်မှုတွေ ပပျောက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်နေတဲ့ အချိန်မှာ ဆော့နေခဲ့တာ ဖြစ်ပါတယ်။

Progress ပါတီရဲ့ အဖွဲ့ခေါင်းဆောင် Halvar Ronneberg က ဒါလို အရေးပါတဲ့ အကြောင်းအရာ ဆွေးနွေးနားထောင်နေတဲ့အချိန်မှာ Pokemon ထိုင်ဆော့နေတယ်ဆိုတာ အကြောင်းအရာအပေါ်မှာကော လာရောက်နားထောင်နေတဲ့ အဖွဲ့ဝင်တွေ အပေါ်မှာပါ လေးစားမှုမရှိတာပဲ လို့ ဆိုပါတယ်။
Grande က လွှတ်တော်အတွင်း ပြောဆိုသံတွေထွက်ပေါ်လာတဲ့ နောက်မှာ ကစားတာ ရပ်ခဲ့ပေမယ့် သူ့ကို လေးစားမှုမရှိဘူးလို့ ပြောဆိုမှုအပေါ်မှာ ပြန်လည်ခုခံပြောဆိုခဲ့ပါတယ်။

တစ်ချို့လူတွေက တစ်ခုခုအပေါ်အာရုံစိုက်နေလိုက်တဲ့အခါ နားထောင်နိုင်စွမ်း ပိုကောင်းတဲ့ ဦးဏှောက် ရှိကြတယ်။ ကျွန်မတို့အားလုံးဟာ မတူညီကြပါဘူး။ ထိုင်နားထောင်နေတာထက် ဒီအချိန်မှာ ပိုပြီးတော့ အာရုံရပါတယ် လို့ Grande က ဆိုပါတယ်။

နော်ဝေးနိုင်ငံရဲ့ ၀န်ကြီးတစ်ဦးဖြစ်တဲ့ Erna Solberg ဆိုရင်လည်း Pokemon Go ရဲ့ ပိရိသတ် တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ အဆင့် ၁၄ ထိရောက်ခဲ့ပြီဖြစ်ကြောင်း သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment