Powered by Blogger.

တောင်ကိုရီးယားက ဂီတပညာရှင်တွေက ရာဘာကြက်ရုပ်လေးတွေကို အသုံးပြုပြီး ဂီတဖန်တီးပြ


တောင်ကိုရီးယား ဘူဆန်မြို့က ဂီတအဖွဲ့တဖွဲ့က ရာဘာ ကြက်အရုပ်ကို တူရိယာအဖြစ်အသုံးပြုပြီး ကလို့ရတဲ့ တီးလုံးကို ဖန်တီးခဲ့ကြပါတယ်။

Dancing Noodle လို့အမည်ရတဲ့ ဒီအဖွဲ့ က ‘Chicken Party Version 2’ ဆိုပြီး ဖန်တီးထားတဲ့ သူတို့ ဂီတကို ဗီဒီယိုနဲ့တကွ ပြသလိုက်ပါတယ်။

ဂီတပညာရှင်လေးဦးက ရာဘာ ကြက်အရုပ်ကို ညှစ်ညှစ်ပြီး ထွက်လာတဲ့ အသံနဲ့ စားပွဲနဲ့ ကြက်ရုပ်ရဲ့ခေါင်းကို ရိုက်လိုက်ရာက ထွက်လာတဲ့အသံကိုပေါင်းပြီး ဒရမ်တီးခတ်တဲ့ စည်းဝါး ကိုဖန်တီးခဲ့ကြတာပါ။

အဖွဲ့ဝင်တစ်ယောက်က Shake it  လို့အော်လိုက်တဲ့အခါမှာ ပုံမှန်စည်းဝါးကနေ ပိုမိုမြန်ဆန်လာပြီး စက္ကူခွက် တစ်ခွက်ကိုတော့ ကြက်တစ်ကောင်ရဲ့ အသံကို ပြောင်းလဲတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment