Powered by Blogger.

TVက အရက်ကြော်ငြာတွေက ဆယ်ကျော်သက်တွေ အရက်သောက်သုံးမှုအပေါ် လွှမ်းမိုးမှုရှိ


အရက် အမျိုးအစား အမျိုးမျိုးကို ကြော်ငြာတာတွေက အသက်မပြည့်သေးတဲ့ ကလေးတွေကို အရက်သောက်ဖို့ တွန်းအားပေးသလို ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။

လေ့လာချက်အရ အရက်ကြော်ငြာတွေနဲ့ အသက်မပြည့်ပဲ အရက်သောက်သုံးမှုဟာ ဆက်စပ်နေပြီး ဘယ်လောက်တောင် လွှမ်းမိုးနိုင်တယ်ဆိုတာကို သိပ္ပံကျန်းမာအဖွဲ့အစည်းရဲ့ ပရော်ဖက်ဆာ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ Timothy Naimi က ပြောခဲ့ပါတယ်။

‘ဝေဖန်တာတွေအရ အရက်ကြော်ငြာတွေက အသက်မပြည့်တဲ့ ကလေးတွေအပေါ်မှာ သေချာပေါက် လွှမ်းမိုးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့သောက်မသောက်နဲ့ ဘယ်လောက်အများဆုံးသောက်လဲ ဆိုတာအပေါ်မှာတော့ မဟုတ်ပါဘူး။ ’

လေ့လာမှုတွေအရဆိုရင်တော့ ဝေဖန်ချက်တွေက မှားတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအတွင်း လွန်ခဲ့တဲ့လက အရက်သောက်ခဲ့ပါတယ်ဆိုတဲ့  အသက် ၁၃ နှစ် နဲ့ ၂၀ ကြား ဆယ်ကျော်သက်ပေါင်း ၁ ထောင်ထက်မနည်း လေ့လာခဲ့တဲ့အခါမှာ ကျန်ခဲ့တဲ့လအတွင်း အရက်ကြော်ငြာ တွေပါဝင်တဲ့ လူကြိုက်များတဲ့ TV လိုင်းတွေကို ကြည့်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလိုမျိုး လေ့လာတွေ့ရှိချက်ဟာ မိဘတွေအနေနဲ့ ဆယ်ကျော်သက် သားသမီးတွေအတွက် TV ကြည့်ချိန် သတ်မှတ်ပေးရမှာ အသုံးတည့်မယ့် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment