Powered by Blogger.

၁၈ကာရက်ရွှေတွေနဲ့ ပြုလုပ်ထားတဲ့ ဘိုထိုင်အိမ်သာကို အများပြည်သူအသုံးပြုနိုင်ပြီ


အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တော်က Solomon R. Guggenheim ပြတိုက်မှာရှိနေတဲ့ ရွှေအိမ်သာကို အများပြည်သူ အသုံးပြုဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ခွင့်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Guggenheim ဟာ ၁၈ကာရက်အရည်အသွေးပြည့် ရွှေတွေနဲ့ ပြုလုပ်ထားတဲ့ အိမ်သာရဲ့ပုံကို မျှဝေခဲ့တာဖြစ်ပြီး အဆိုပါအိမ်သာကို အီတလီပညာရှင် Maurizio Cattelan က ပြုလုပ်ခဲ့တာဖြစ်ကာ ဒီလိုအများပြည်သူရှိတဲ့နေရာဖြစ်တဲ့ ပြတိုက်လိုနေရာမျိုးမှာ ပထမဆုံးထားရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အမေရိကန်အတွက် Cattelan ဟာ ၁၈ကာရက်အပြည့်ရွှေတွေနဲ့ ရေအိမ်တစ်မျိုးကို ပြုလုပ်ပေးခဲ့ပြီး ဒီလိုဇိမ်ခံပစ္စည်းကို ပထမဆုံး အများပြည်သူနေရာတွေမှာ ထားရှိပေးခဲ့တာပါ” လို့ ပြတိုက်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ပါတယ်။ အဲ့ဒီအပြင် ဒီလိုပြုလုပ်တာဟာ ပြတိုက်ရဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်လာစေနိုင်ဖို့အတွက်လည်း ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment