Powered by Blogger.

လာရောက်လည်ပတ်သူတွေကို အံ့အားသင့်စေခဲ့တဲ့ ဂျာမနီပန်းခြံထဲက အမှိုက်ရှင်းခွေးကလေး


ဂျာမနီုနိုင်ငံ Ludwigsburg မြို့ရဲ့ ပန်းခြံတစ်ခုမှာ လာရောက်လည်ပတ်သူတွေဟာ တာဝန်ထမ်းဆောင်နေတဲ့ ခွေးလေးတစ်ကောင်ကြောင့် အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ပန်းခြံကိုလည်ပတ်သူတွေအနေနဲ့ ခွေးလေးဟာ ပန်းခြံထဲမှာရှိနေတဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျထည့်နေတာကို တွေ့ရှိခဲ့ကြရတာပါ။

ဒီဗီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး အသုံးပြုသူ Sascha Gilly က အမှိုက်ကိုပေးလိုက်ရာမှာ ဒီအမှိုက်ကို ပါးစပ်ထဲထည့်ပြီး ပန်းခြံထဲက အမှိုက်ပုံးထဲသွားထည့်တာဖြစ်ပါတယ်။

ဒါကြောင့် ဒီခွေးလေးကို လေ့ကျင့်ပေးထားတဲ့လူကို ဝိုင်းဝန်းချီးမွန်းခဲ့ကြတာပါ။ “ဒီခွေးလေးက ကျွန်မရဲ့ သူရဲကောင်းပါပဲ။ သူဟာ အမှိုက်ကိုအမှိုက်ပုံးထဲ စနစ်တကျထည့်တာဖြစ်ပြီး ကျွန်မအနေနဲ့ အမြန်ရိုက်ကူးလိုက်ရပါတယ်” လို့ တင်ထားသူက ဆိုပါတယ်။

( Beauty Syh )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment