Powered by Blogger.

နယူးယောက်ပြတိုက်က ရွှေ ၁၈ ကာရက်နဲ့ ပြုလုပ်ထားတဲ့ ရွှေအိမ်သာ


နယူယောက်မြို့ပြတိုက်တစ်ခုက လာရောက်လည်ပတ်သူတွေကို ရွှေအိမ်သာကြီးပေါ်မှာထိုင်ဖို့ အခွင့်အရေး ကို လျို့ဝှက်ထားပြီး ကမ်းလှမ်းလိုက်ပါတယ်။

Solomon R. Guggenheim  အမည်ရတဲ့ ပြတိုက်မှာ အီတလီအနုပညာရှင် Maurizio Catelan ရဲ့ အမေရိကန်ဆိုတာကို သိတာထင်ရှားစေတဲ့ ရွှေ၁၈ ကာရက်နဲ့ ဖန်တီးထားတဲ့ အိမ်သာကို ပြတိုက်ရဲ့လေးလွှာမှာ သန့်စင်ခန်းအဖြစ် ပစ္စည်းပစ္စယျာ အစုံအလင်နဲ့ ထားရှိထားပါတယ်။

ပြတိုက်ကိုလာရောက်လေ့လာသူတွေက ရွှေအိမ်သာကြီးကို အသုံးပြုခွင့်ရတာဖြစ်ပြီး ဒါဟာ Catelan ရဲ့ Guggenheim မှာ ပြသတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းအတွက် ပထမဆုံး အနုပညာ ဖြစ်ပါတယ်။

ပြတိုက်ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ များပြားလှတဲ့ အနုပညာဈေးကွက်ကို သိရှိစေဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပြီး အမေရိကန်တွေရဲ့ အိမ်မက်ကို မြင်မက်ဖို့ အားလုံးအတွက် အခွင့်အရေးပါပဲ လို့ ပြောထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment