Powered by Blogger.

ရဲဝန်ထမ်းရဲ့ အားလူးချောင်းကြော် ခိုးတဲ့ အမျိုးသမီး အဖမ်းခံရ


ဝါရှင်တန်မြို့က အမျိုးသမီး တစ်ဦးဟာ စားသောက်ဆိုင်တစ်ခုမှာ ရဲဝန်ထမ်းတစ်ယောက်ရဲ့ ပန်းကန်ထဲက အားလူးကြော်ခိုးတဲ့အမှုနဲ့ အဖမ်းခံရတာပါ။

ရဲဝန်ထမ်းရဲ့ အဆိုအရ အရက်မူးနေကြတဲ့ အမျိုးသမီး နှစ်ဦးက သူ့စားပွဲဆီကို စကားတစ်ပြောပြောနဲ့ လျှောက်လာပြီး တစ်ယောက်က သူ့ပန်းကန်ထဲက အာလူးချောင်းကြော်ကို ယူစားလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ရဲဝန်ထမ်းက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ဒီအစားအသောက်ကို  သူပိုက်ဆံပေးဝယ်ထားတာဖြစ်ပြီး အမျိုးသမီးရဲ့ လုပ်ရပ်က ခိုးမှုမြောက်တာဖြစ်လို့ အဖမ်းခံရမှာ ဖြစ်တာကြောင့် ဒါမျိုးထပ်မလုပ်ဖို့ပြောခဲ့ပါတယ်။

အမျိုးသမီးက သုံးခုမြောက် အာလူးချောင်းကြော်ကို ကောက်ဝါးပြီး ဒီတော့ မင်းက င့ါကို အချုပ်ထဲပို့မယ်ပေါ့ လို့ တုန့်ပြန်ခဲ့ပါတယ်။

အမျိုးသမီးဟာ ဒုတိယအဆင့် ခိုးမှုကို သက်သေနဲ့တကွ အဖမ်းခံရပြီး ၀ါရှင်တန် သတင်းရဲ့ ခိုးမှု စာရင်းထဲမှာတော့ အာလူးချောင်းကြော် ၃ ချောင်း ဆိုပြီး ပါလာခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment