Powered by Blogger.

ညစ်ညမ်းကားတွေသာအကြည့်များတာကြောင့် နယူးယောက်မြို့ရှိ အများသုံး Wi-Fi တွေကို ဖယ်ရှား


လွန်ခဲ့တဲ့ ရှစ်လကစပြီး အများပြည်သူ အလွယ်တကူ ကွန်ရက်ချိတ်ဆက်မှုရရှနိုင်ဖို့အတွက် တပ်ဆင်ခဲ့တဲ့ နယူးယောက်မြို့က အများသုံး Wi-Fi တွေကိုတော့ ပြန်လည်ပြီး ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီ Wi-Fi တွေကိုတော့ အများပြည်သူတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ ဆက်သွယ်နိုင်စေဖို့ တပ်ဆင်ပေးထားခဲ့တာဖြစ်ပြီး တကယ်တပ်ဆင်လိုက်ချိန်မှာတော့ လူအများစုဟာ ဒီ Wi-Fi တွေကို ညစ်ညမ်းကားတွေ ကြည့်ရှုဖို့အတွက်သာ အသုံးပြုခဲ့ကြတာပါ။

အခုလို ပြန်လည်ဖြုတ်သိမ်းခဲ့မှုအပေါ် တာဝန်ရှိသူတစ်ယောက်ကတော့ “ကွှန်တော်တို့ ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတော့ လူအများစုက ဒီအင်တာနက်တွေကို ကောင်းကောင်းမသုံးဘူးဗျ။ အကျိုးမဲ့အသုံးချနေတာကိုတွေ့ရတယ်။ အထူးသဖြင့် မန်ဟတ်တန်ရဲ့ 8th Avenue မှာ အဆိုးဆုံးပဲ။ အင်တာနက်လိုင်းမှာတွေ့ရတာတွေက အရမ်းကို ဆိုးဝါးပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီ Wi-Fi တွေကိုတော့ ပြည်သူတွေ map အသုံးပြုတဲ့အခါပိုမြန်ဆန်စေဖို့ ၊ အရေးပေါ် လိုအပ်လာတဲ့အခါမှာ ကောင်းကောင်းအသိပေးနိုင်ဖို့အတွက် တပ်ဆင်ပေးခဲ့တာပါ။ NYC က Wi-Fi အမြန်နှုန်းကတော့ super-fast ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Digital Trends

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment