Powered by Blogger.

လွန်ခဲ့တဲ့ နှစ်၆၀အကြာက နှစ်ဦးသား ဖူးစာဆုံစေခဲ့တဲ့ နှစ်ထပ်ဘပ်စ်ကားကို စိတ်ကူးယဉ်ဆန်စွာ ခင်ပွန်းသည်က ဇနီးသည်ဖြစ်သူကို လက်ဆောင်ပေး


လွန်ခဲ့တဲ့ နှစ်၆၀တုန်းက သူတို့ကို ဆုံတွေ့စေခဲ့တဲ့ နှစ်ထပ်ကားနဲ့ အမျိုးအစားတူညီတဲ့ ကားကို ခင်ပွန်းဖြစ်သူက ဇနီးသည်အတွက် ၀ယ်ယူခဲ့ပါတယ်။

သူတို့နှစ်ယောင်စတင် တွေ့ဆုံစဉ်က လေတပ်သားဖြစ်တဲ့ Ken က ၂၂ နှစ်ရှိပြီး Shirley က ၁၈ နှစ်ရှိပါပြီ။
Gloucester မြို့နဲ့ Cardiffin မြို့ ကို ကူးသန်းဆက်သွယ်ပေးတဲ့ကားပေါ်မှာ စတင်တွေ့ခဲ့ကြပြီး Ken အတွက် ဘ၀ကို ပြောင်းလဲပေးတဲ့ ခရီးတစ်ခုလို့ ဆိုပါတယ်။

မိုင် ၆၀ ခရီးအတွင်း စကားတွေပြောခဲ့ကြပြီး နောက် ရက်သတ္တပါတ် အနည်းငယ်ကြာမှာတော့ အပြင်မှာ စတင် ချိန်းဆိုမှုတွေပြုလုပ်ခဲ့ရာက ဘ၀လက်တွဲဖော်တွေ ဖြစ်ခဲ့ကြပါတယ်။

ပထမဆုံးချိန်းဆိုပြီး ရုပ်ရှင်ကြည့်ရာက အိမ်ကိုလမ်းလျှောက်ပြန်ကြတဲ့ တစ်မိုင်ခရိးမှာ Shirley က ကားပေါ်ကို ပျော်စရာအဖြစ်အပျက်တွေကို သတိရတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ Ken က လေကြောင်းအင်ဂျင်နီယာ တစ်ယောက်ဖြစ်လာပြီး ဆက်သွယ်ရေးပြတိုက်မှာ ပြထားတဲ့ နှစ်ထပ်ဘပ်စ်ကားကို တွေ့တော့ သူတို့နှစ်ယောက်အတွက် ၀ယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမှတ်တရတွေကို သတိရနေစေမယ့် နှစ်ထပ်ဘပ်စ်ကားကြီးကို Ken က ဒေါ်လာ ၁၂၀၀၀ အကုန်ကျခံ ၀ယ်ယူခဲ့တာပါ။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment