Powered by Blogger.

သြစတေးလျလူမျိုး ဖခင်က သူ့ကလေးအတွက် လှည်းစီးရင်း အရွက်တွေကို မှုတ်ထုတ်နိုင်တဲ့ ယာဉ်ဖန်တီး


သြစတေးလျလူမျိုးဖခင်ဖြစ်သူက သူ့ကလေးအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ယာဉ်ကိုစီးရင်း မောင်းလာတဲ့ လမ်းတစ်လျှောက်က အရွက်တွေကို လေနဲ့မှုတ်ထုတ်တဲ့ ဗီဒီယို ကို YouTube မှာ မျှဝေခဲ့ပါတယ်။

Jacob Strickling က သူ့သမီးလေး Mikalah နဲ့ စီးလို့ရတဲ့ လှည်းအကြောင်း ပြောခဲ့ဘူးတာကြောင့် ဖန်တီးထားတဲ့ ယာဉ်ကိုစီးရင် လမ်းတစ်လျှောက်က သစ်ရွက်တွေကို မှုတ်ထုတ်တာကို ပြသခဲ့ပါတယ်။

Strickling က ယာဉ်ရှေ့မှာ သစ်ရွက်တွေကို မှုတ်ထုတ်နိုင်ဖို့ လေမှုတ်စက် ၃ခုတပ်ဆင်ပြီး ဖန်တီး ခဲ့တာပါ။
Strickling ကတော့ ဒါကို အောင်မြင်အောင်ဖန်တီးနေတဲ့အချိန်တွေက သူ့အတွက် အရင်တုန်းက ဘီယာအေးအေးလေး သောက်နေတဲ့အချိန်တွေထက် ပိုပျော်ဖို့ကောင်းပါတယ်တဲ့။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment