Powered by Blogger.

ဓါးပြတစ်ယောက်လိုဝတ်ရင် ဒိုးနပ် တစ်ဒါဇင် အလကားရရှိ


လော့စ်အိန်ဂျလိ က ဒိုးနပ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Krispy Kreme က ဓါးပြတစ်ယောက်လိုပြောကြတဲ့ ပွဲကို ကျင်းပခဲ့ပြီး ဒိုးနပ်တွေ အလကားကျွေးမွေးခဲ့ပါတယ်တဲ့။

Krispy Kreme က ဓါးပြလိုပြောဖို့နဲ့  ဓါးပြလို ၀တ်ဖို့ နှိုးဆော်ခဲ့ပါတယ်။

ဝယ်ယူအားပေးသူတွေက အတတ်နိုင်ဆုံး ဓါးမြအသံနဲ့တူအောင် ပြောနိုင်ရင် ဒိုးနပ်တစ်ခု၊ ဓါးမြ တစ်ယောက်လိုပါ ၀တ်လာနိုင်ရင်တော့ ဒိုးနပ် တစ်ဒါဇင်  ဆုရရှိမှာ ဖြစ်ပါတယ်။

ဆုအတွက် အရည်အချင်းပြည့်မီဖို့က ၀ယ်ယူသူတွေ အနေနဲ့ ဓါးပြတွေ အသုံးပြုတဲ့ မျက်စိဖုံး ဒါမှမဟုတ် အရောင်စုံတဲ့ ပါဝါတစ်ထည် စတဲ့ ပစ္စည်း၃ခုကို အသုံးပြုရမှာ ဖြစ်ပါတယ်။

တကယ်လို့ အဲ့လိုမလုပ်ချင်ရင်လည်း ဒိုးနပ်အလကားရဖို့ နောက်ထပ် အခွင့်အရေး ရှိပါသေးတယ်။ ဒါကတော့ ၀ယ်ယူအားပေးသူတွေ အနေနဲ့ ကွန်ပြူတာနဲ့ပြင်ထားတဲ့ ကိုယ့်ရဲ့ ဓါးမြ၀တ်စုံ ၀တ်ထားတဲ့ ပုံကို Krispy Kreme Snapchat က အဖွဲ့ဝင်တစ်ဦးကို ပြရမှာပဲ ဖြစ်ပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment