Powered by Blogger.

ထူးခြားတဲ့ iPhone 7 ၀ယ်ယူခဲ့ပြီး အလိမ်ခံရတဲ့ အမျိုးသမီး


အမျိုးသမီး တစ်ဦးက အွန်လိုင်းကနေ iphone 7 ၀ယ်ယူခဲ့ပြီးပြီးချင်း ပုံမှန်မဟုတ်တာကို သိခဲ့ပါတယ်။

Apple ရဲ့ အသစ်ထွက်တဲ့ ပစ္စည်းကို ၀ယ်ယူခဲ့တဲ့ Celene Mini တစ်ယောက် iphone3 နဲ့ iphone4 ကို တွေ့လို့ ရှော့ရသွားခဲ့ပါတယ်။

ဘူးထဲမှာ ဂျပန်ဂိမ်းတစ်ခုဖြစ်တဲ့ Yu-Gi-Oh! လို့နာမည်ရပြီး ဂိမ်းထဲကအကောင် နှစ်ကောင်ပေါင်းပြီး အားပိုကြီးတဲ့ တစ်ကောင်အဖြစ်ပြောင်းလဲဆော့ကစားနိုင်တဲ့ ဂိမ်းဆော့ဖို့ ‘fusion summon’ ကဒ် ပါဝင်ပါတယ်။

ဖုန်းရောင်းချတဲ့သူက ဒီဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းအရ iphone ကို အသုံးပြုသင့်တယ်လို့အကြံပေးထားပါတယ်။

‘rose gold iphone 7ကိုဝယ်ခဲ့တာ။ ဒါပေမယ့် iphone3 နဲ့ iphone4 ကို ဂိမ်းဆော့ဖို့ ပြောတဲ့ ကဒ်နဲ့ ရလိုက်တယ်။ ငါ့ကို အလှုပေးနေတယ်ထင်နေလား’ လို့ Celene Mini က ပြောဆိုရေးသားထားပါတယ်။

ဒီပိုစ့်ရဲ့အောက်မှာတော့ ပျော်ရွှင်တတ်သူတစ်ဦးက ‘မင်း iphone7 နှစ်လုံးဝယ် ပြီးရင် နှစ်လုံးပေါင်းပြီး iphone14 လုပ်လိုက်ပေါ့ ‘လို့ ၀င်ရောက်ရေးသားထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment