Powered by Blogger.

ထိုင်းဘုန်းကြီးက သစ်ပင်ရဲ့ မျက်နှာပြင်အနေအထားက တဆင့် ပေါက်မယ့် ထီနံပါတ် ရရှိတယ်လို့ဆို


ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ သစ်ပင်တစ်ပင်က ပေးတဲ့ နံပါတ်ကြောင့် ကံကောင်းစွာနဲ့ ဒေါ်လာ တစ်သိန်း ခုနှစ်သောင်း ငါးထောင် ထီပေါက်ခဲ့ပါတယ်။

ဘန်ကောက်မြို့ပြင်မှာ ရှိတဲ့ Samut Sakhon ဘုရားကျောင်းမှာ သီတင်းသုံး နေထိုင်သူ သက်တော် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းကြီး Phra Prawit Techapalo က လစဉ်လတိုင်း ထီကံစမ်းခဲ့ရာမှာ ပထမအကြိမ်း ကံထူးခဲ့တာပါ။

ဆယ်ဝါ ရှိပြီဖြစ်တဲ့ Phra Prawit  ဟာ ဘုန်းကြီးကျောင်းဝန်းထဲမှာ ရှိတဲ့ ကျွန်းသစ်ပင်ရဲ့ မျက်နှာပြင်အနေအထားအရ နံပါတ် ၈၄ ကို ထီလက်မှတ်ရဲ့ နောက်ဆုံးဂဏန်းအဖြစ်ရွေးချယ်ခဲ့ပြီး ကံထူးရှင် ဖြစ်ခဲ့တာပါ။

ရရှိတဲ့ ဆုငွေတွေကို မိခင်ဖြစ်သူအတွက် အိမ်တစ်လုံး ၊ သားဖြစ်သူရဲ့ ပညာရေးအတွက်နဲ့ မကြာသေးခင်ကပဲ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဘုန်းကြီး ပျံပွဲအတွက် အသုံးပြုသွား မှာပါတဲ့။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment