Powered by Blogger.

ခရီးသွားကြောင် ဆပ်ကပ် အဖွဲ့ က စင်မြင့်အတွက် မန်နေဂျာရှာဖွေနေ


ချီကာဂို အခြေစိုက် ခရိးသွား ကြောင် ဆပ်ကပ် အဖွဲ့က ကြောင်တွေရဲ့ ပြသမှုပိုင်းမှာ ကူညီပေးနိုင်ပြီး လှည့်လည်သွားလာနိုင်မယ့် လက်ထောက်ကို အွန်လိုင်းကနေတဆင့် ရှာဖွေလိုက်ပါတယ်။

Acro-Cats  လို့အမည် ရတဲ့ ဆပ်ကပ်အဖွဲ့ မှာ အချိန်ပြည့်အလုပ်လုပ်နိုင်ပြီး ‘The Rock Cats’ ဂီတအဖွဲ့မှာ ပါဝင် သရုပ်ပြမယ့် တိရစ္ဆာန်လေးတွေကိုလည်း စောင့်ရှောက်ပေးရမှာပါ။

‘ သင် ဆက်ကပ်ကို သွားကြည့်ပြီး ပါဝင် ကပြ လိုပါသလား။ ယခု သင် ကြောင်တွေနဲ့ အတူ လုပ်နိုင်ပါပြီ ’ ဆိုတဲ့ စာသား ရေးသားထားပါတယ်။

လုပ်ရမယ့် အခြေခံတာဝန်တွေကတော့ ကြောင်တွေရန်မဖြစ်အောင်၊ ပွဲမှာပြတဲ့ ကြောင်တွေ ၊ ကြက်တစ်ကောင် နဲ့ ၀က်တစ်ကောင်ကို ဂရုတစ်စိုက်နဲ့ ရွေ့ပြောင်းဖို့တွေ ပါဝင်ပါတယ်။

မန်နေဂျာအနေနဲ့ကတော့ လက်ထောက်ဟာ သရုပ်ပြမှုတွေမှာသာမက သင်တန်းပေးဆရာနဲ့ စင်မြင့်ပေါ်မှာပါ လက်ထောက်အဖြစ် ပါဝင်အားဖြည့်ပေးဖို့ မျှော်လင့်ပါတယ်တဲ့။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment