သြစတြေးလျမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ရွှေငါးရဲ့ အသက်ကိုကယ်တင်ဖို့အတွက် ဒေါ်လာရာပေါင်းများစွာ အကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဝန်ဆောင်မှုပြုလုပ်ပေးတဲ့ ကုမ္ပဏီက ပြန်လည် မျှဝေခဲ့တာဖြစ်ပြီး ဒီအတွက် ဒေါ်လာ ၃၇၂ (ကျပ် ၄သိန်းကျော်ခန့်) ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
“ကျွန်မရဲ့ ငါးလေးကို ကုသပေးခဲ့ပါတယ်၊ သူတို့လည်း တခြားအိမ်မွေး တိရစ္ဆာန်လေးတွေလိုပဲလေ” လို့ ပိုင်ရှင်ဖြစ်သူ အသက် ၂၁နှစ်အရွယ် Emma Marsh ကဆိုပါတယ်။
Marsh က သူ့ရဲ့ ရွှေငါးလေးဟာ အစိုင်အခဲတစ်ခုကို မတော်တဆမျိုချမိလို့ အခုလို ခွဲစိတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲ့ဒီအစိုင်အခဲကို ဖယ်ရှားပြီးပြီဖြစ်ပြီ ရွှေငါးလေးလဲ အသက်ရှင်ခဲ့တာပါ။
( Beauty Syh )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref: UPI
0 comments:
Post a Comment