အိုင်ယာလန်မြောက်ပိုင်းမှာ ရှိတဲ့ ဘီယာကုမ္ပဏီ တစ်ခုက ဘီယာမြည်းစမ်းသူကို သတင်းစာကတစ်ဆင့် အလုပ်ခေါ်စာ ထည့်လိုက်ပါတယ်။
BBC သတင်းဌာနရဲ့ ပြောကြားချက်အရ Derry ဂျာနယ်ထဲမှာဖော်ပြထားတဲ့ အလုပ်အတွက် ရွေးချယ်ခံရသူက တစ်လတစ်ခါ ဘီယာအမျိုး ၄၀ ကို အရသာမြည်းစမ်းရမှာ ဖြစ်ပါတယ်။
‘သင်တန်းတွေပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က ဘီယာဖန်တီးမှု သဘောသဘာဝနားလည်တဲ့သူ ၊ အရသာအမျိုးမျိုးသိတဲ့လူမျိုးကို လိုချင်ပါတယ်။ ဒါပေမယ့် လူတွေထဲက ၁၀ ရာခိုင်နှုန်းကသာ ကျွမ်းကျင်တဲ့ မြည်းစမ်းသူတွေ ဖြစ်နိုင်ပါတယ်။ တစ်ချို့ အရသာတွေကို ကျွန်တော်ခံစားလို့မရပါဘူး။ ဒါကြောင့် ကျွန်တော့အလုပ်မှာ မတူညီတဲ့ အနံ့အရသာတွေကို ဖော်ထုတ်ပြီး တွဲဘက်ဖြစ်နိုင်မယ့် တစ်ယောက်ယောက်ကို လိုအပ်ပါတယ် ’ လို့ ဘီယာချက်လုပ်သူ James Huey က ဆိုပါတယ်။
ခုချိန်မှာတော့ လာရောက်လျှောက်ထားသူပေါင်း ၁၃၇ ယောက်ရှိပြီး ဒီထဲကမှ တစ်ချို့ကတော့ လစာလိုချင်ကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ လိုအပ်ချက်ကို ပြည့်မှီတဲ့ သူကတော့ အရေအတွက် အနည်းငယ်သာရှိနေပါတယ်။
အလုပ်အတွက် ကံကောင်းစွာနဲ့ အရွေးချယ်ခံရမယ့်သူက လစာမရရှိပေမယ့် ကားခတွေနဲ့ အစားအစာတွေကို တစ်နေ့တာအလုပ်ပြီးချိန်မှာ ထောက်ပံ့ပေးသွားမှာပါ။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : UPI
0 comments:
Post a Comment