Powered by Blogger.

သခင်ဖြစ်သူရဲ့ ပေါင်မုန့်မီးကင်ကို ခိုးပြီး ပြန်ပေးဖို့ ငြင်းဆန်တဲ့ ခေါင်းမာတဲ့ ကတ္တ၀ါ ငှက်


ဝါရှင်တန်မြို့မှာ သခင်ဖြစ်သူရဲ့ နံနက်စာ ပေါင်မုန့်မီးကင်ကို ခိုးယူပြီး ပြန်မပေးပဲ စိန်ပြေးတိုင်းဆော့နေတဲ့ ကတ္တ၀ါ ငှက်လေးတစ်ကောင်ရှိပါတယ်။

သခင်ဖြစ်သူရဲ့ နံနက်စာပန်းကန်ထဲကနေ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်ကို ဆတ်ကနဲ လုယူပြီး နောက်လှည့်ပြေးတဲ့ ‘Eric the Legend’ လို့ အမည်ရတဲ့ ငှက်လေးရဲ့ ဗွီဒီယိုက YouTube ပေါ်ရောက်လာပါတယ်။

ခေါင်းမာတဲ့ငှက်လေးက နည်းနည်းလှမ်းကိုက်ပြီး သခင်ဖြစ်သူတားနေတဲ့ကြားက ပေါင်မုန့်မီးကင် တစ်ခုလုံးကို ဆတ်ကနဲ ဆွဲယူပြီး ထမင်းစားပွဲပေါ်မှာ လျှောက်ပျံနေတာပါ။

Eric က ကန့်လန့်တိုက်ပြီး လူတွေစားတဲ့မနက်စာကို သဘောကျချင်ယောင်ဆောင်နေရာက ငါ့ပေါင်မုန့်မီးကင် လို့ သခင်ဖြစ်သူက အော်လိုက်တော့ ပေါင်မုန့်က ပြန်ပြုတ်ကျလာပါရော။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment