Powered by Blogger.

Zombie တွေလို ၀တ်စားထားတာကြောင့် ရဲတွေဆီ အတိုင်ခံရ


မန်ချက်စတာနဲ့ လစ်ပါဗူး ကြားမှာ ရှိတဲ့ M62 လမ်းပေါ်မှာ ဖြတ်သမ်းသွားလာသူ တစ်ဦးက ၉၉၉ ကို ဖုန်းဆက်ပြီး ယောကျာင်္းတစ်ယောက်က မိန်းမတစ်ယောက်ကို ကိုက်ဖြတ်နေပါတယ်လို့ သတင်းပေးလာပါတယ်။

တာဝန်ရှိသူတွေက ဆုံမှတ်၁၁ မှာ အတိုင်ခံရတဲ့ ကားကို တွေ့လို့ စုံစမ်းရှာဖွေကြည့်တဲ့အခါမှာ ကားထဲက zombie လိုမျိုး မိတ်ကပ် လိမ်းခြယ်ထားတဲ့ လူနှစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။

သူတို့က အရံသရုပ်ဆောင်တွေလုပ်ဖို့ သွားနေတဲ့ လမ်းမှာ အစစ်ဆေး ခံလိုက်ရတာပါ။

အမျိုးသားတစ်ဦးဆီက M62 လမ်းပေါ်က ဆုံမှတ် ၁၁ မှာ စိတ်ခြောက်ခြားစရာတွေ ဖြစ်နေတယ်လို့ သတင်းရရှိခဲ့တယ်လို့ ရဲဘက်ပြောခွင့်ဆိုခွင့် ရှိသူ တစ်ဦးကပြောပါတယ်။

ပြင်းထန်တဲ့ မတော်တဆမှုဖြစ်နေတယ်လို့ ထင်ရတဲ့ ကားကို ရှာဖို့ ရဲတပ်သားတွေကို စေလွှတ် စုံစမ်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ့လိုက်ရတာက ကားပေါ်မှာ သွေးအတုတွေ သုတ်လိမ်းထားတဲ့ သူတွေကိုပါ။ ကျေးဇူးတင်စရာကောင်းတာကို အမျိုးသားနဲ့ အမျိုးသမီး က သူတို့အလုပ်ဖြစ်တဲ့ အရံသရုပ်ဆောင်တာအတွက် သွားနေတဲ့လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တကယ့်ကို ရယ်ရယ်မောမော နဲ့ပဲ အဆုံးသတ်သွားပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments: