Powered by Blogger.

မလေးရှားအလံနဲ့ အောက်ခံဘောင်းဘီတွေဝတ်လို့ လူ၉ယောက် Jail ထဲအောင်းလိုက်ရ


သြစတြေးလျလူမျိုး အမျိုးသား ၉ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှား ဖော်မြူလာဝမ်း ဂရင်းပရီပြိုင်ပွဲမှာ မလေးရှားနိုင်ငံအလံပုံစံ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၅နှစ်ကနေ ၂၉နှစ်အကြားရှိတဲ့ လူငယ်တွေအနေနဲ့ လူထုရဲ့ နိုင်ငံတော်အလံရဲ့ သိက္ခာကိုချမှု၊ မရိုသေမှုတွေနဲ့ ရဲတွေရဲ့ ရှာဖွေဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


“သူတို့ဟာ အရက်သေစာသောက်စားထားကြပါတယ်” လို့ ရဲအရာရှိ Abdul Aziz ကဆိုပါတယ်။ “ဒီအတွင်းခံတွေကို ဝယ်ယူခဲ့တဲ့နေရာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။

ဒီပုံရိပ်တွေဟာ Instagram ဗီဒီယိုတစ်ခုကနေ ပေါက်ကြားလာခဲ့တာပါ။ နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အရှေ့မလေးရှားမှာရှိတဲ့ Kinabalu တောင်ပေါ်မှာရိုက်ထားတဲ့ ဝတ်လစ်စလစ်နဲ့ ပုံတွေကို တင်ခဲ့တာကြောင့်လည်း တိုးရစ်စ်လေးဦးကို အကျဉ်းချဖူးပါတယ်။

(Beauty Syh)
သစ်ထူးလွင် (ဗဟုသုတနှင့် ထူးဆန်းထွေလာ)
Knowledge.thithtoolwin.com
Ref: Mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. To Whom may concern, I couldn't contact the responsible person for my freelance fees for News on ThitHtooLwin. Can someone take a proper action for that please? Thank You very much.

    ReplyDelete