Powered by Blogger.

ဒုတိယအကြိမ် ငယ်ပါကို ပင့်ကူ အကိုက်ခံရတဲ့ သြစတြေးလျား အမျိုးသား


သြစတြေးလျား အမျိုးသားတစ်ဦးကတော့ ငါးလအတွင်း ဒုတိယအကြိမ်မြောက် ငယ်ပါကို ပင့်ကူကိုက်ခံလိုက်ရပြီးတဲ့ နောက်မှာတော့ နိုင်ငံထဲမှာ ကံမကောင်းဆုံး အမျိုးသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံလိုက်ရပါတယ်။

အသက် ၂၁ နှစ်အရွယ် ကုန်စည်ကူးသန်းရောင်းဝယ်တဲ့ Jordan က ဆစ်ဒနီမြို့ က ရွေ့ပြောင်းအိမ်သာတစ်ခုမှာ အိမ်သာအသုံးပြုရင်း ကျောနီပင့်ကူတစ်ကောင်က ကိုက်တာကို ခံလိုက်ရတာပါ။

‘ကျွန်တော်က ခုချိန်မှာတော့ နိုင်ငံမှာ ကံမကောင်းဆုံးလူတစ်ယောက် ဖြစ်နေပါပြီ။ အိမ်သာထိုင်ရင်း အလုပ်လုပ်နေတုန်း ပထမဆုံးသတိပြုမိတာက ဆူးနဲ့အထိုးခံလိုက်ရသလိုပါ။ ဒါမျိုး နောက်တစ်ကြိမ် ဖြစ်တာ မယုံနိုင်အောင်ပါပဲ။

ကျွန်တော် ငုံ့ကြည့်လိုက်တော့ အိမ်သာနှုတ်ခမ်းဘေးက ခြေထောက်လေးတွေ ထွက်လာတာကို တွေ့လိုက်ရတယ်။ ပထမတစ်ခါ ဖြစ်ပြီးကတည်းက နောက်တစ်ခေါက် တကယ်ကို မသုံးချင်တော့တာ။ အဲဒီနေ့က အိမ်သာကလည်း သန့်ရှင်းနေတာနဲ့ နောက်တစ်ခေါက်သုံးဖြစ်ဖို့ အခွင့်အရေးပဲလို့ ထင်ခဲ့တာ။ အိမ်သာကို သေသေချာချာ ကြည့်ပြီးမှ ထိုင်ပြီး အလုပ်လုပ်ခဲ့တာ။ ပြီးတော့ သိတဲ့အတိုင်း နောက်တစ်ခါ နာတာပေါ’ လို့ Jordan က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ပထမတစ်ခါ ရွှေ့ပြောင်းအိမ်သာထဲမှာ ငယ်ပါကို ပင့်ကူကိုက်ခံထားရပေမယ့် ဒီလောက် မြန်မြန် နောက်တစ်ခါ အကိုက်ခံရမယ် ထင်မထားခဲ့ပါဘူးတဲ့။

ရှေ့လျှောက် Jordan တစ်ယောက် ရွှေ့ပြောင်းအိမ်သာတွေကို အသုံးပြုမှာ မဟုတ်လောက်တော့ပါဘူး။


( Michelle )


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment