Powered by Blogger.

ရိုလာကိုစတာ စီးခြင်းက ကျောက်ကပ်ထဲက ကျောက်တွေကို ဖယ်ရှားပေးနိုင်


လေ့လာချက်အသစ်အရ ရိုလာကိုစတာ စီးခြင်းက ကျောက်ကပ်ထဲက ကျောက်သားလေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်တဲ့။

ကျောက်ကပ်ထဲက ကျောက်တွေဖယ်ရှားပေးရာမှာ အပန်းဖြေဥယျာဉ်ကို သွားရောက်လည်ပတ်တာက အကူအညီဖြစ်တာကို တွေ့ရပါတယ်။

ကျောက်ကပ်ထဲမှာ ကျောက်တည်တတ်တာက လူ ၁၁ မှာ တစ်ယောက်ဖြစ်နိုင်ပါတယ်။ ကယ်စီယံ နဲ့ သတ္တုဓါတ်တွေ ပေါင်းစပ်ပြီး ကျောက်ကပ်ထဲမှာ ၄မီလီမီတာထက် သေးငယ်တဲ့ ကျောက်တုံးလေးတွေ ဖြစ်သွားပြီး ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းက တစ်ဆင့် အလွယ်တကူ ထွက်သွားနိုင်ပါတယ်။

 ဒါပေမယ့် ပိုကြီးတဲ့ ကျောက်တွေ ဖြစ်မယ်ဆိုရင်တော့ အလွန်အမင်း နာကျင်နိုင်ပြီး ဆရာဝန် ပြဖို့ လိုအပ်တာတွေ ရှိပါတယ်။

ဒီလို လူနာတွေထဲက တစ်ယောက်ကတော့ ရိုလာကိုစတာ စီးပြီးတဲ့နောက်မှာ ကျောက် သုံးတုံး ထွက်သွားတယ်လို့ သိရပါတယ်။

အလယ်အလတ် ပြင်းအားရှိတဲ့ စီးနှင်မှုတွေက ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတာကို ဆီးလမ်းကြောင်း ပညာရှင်တွေက လက်ခံကြပြီး နောက်ဘက်မှာ ထိုင်တဲ့သူတွေက ကျောက်ထွက်နိုင်တဲ့ ရာခိုင်နှုန်း ပျမ်းမျှ ၆၃.၈၉ ရြှိ့ပီး ရှေ့ဘက်မှာ ထိုင်မယ်ဆိုရင်တော့ ၁၆.၆၇ ရှိပါတယ်။


( Michelle )


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment