Powered by Blogger.

အမျိုးသားတစ်ဦးက ရက်၃၀ အတွင်း သူ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ အားလုံးကို ၀တ်ဆင်ဖို့ ကတိပြု


အမျိုးသားတစ်ဦးက ရက်၃၀အတွင်း သူ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ တစ်ခုမကျန်ပါဝင်တဲ့ ပလတ်စတစ် ၀တ်စုံကို ၀တ်ဆင်မယ်လို့ ကတိပေးခဲ့ပါတယ်။

နယူးယောက်မြို့မှာ လူတစ်ယောက်က တစ်နေ့ကို ပျှမ်းမျှ အမှိုက် ၄.၅ ပေါင် အခြေခံအားဖြင့် ၁၃၅ ပေါင် စွန့်ပစ်ကြပါတယ်။

‘လူတော်တော်များများက သူတို့တစ်နေ့ကို အမှိုက်တွေ ဘယ်လောက် ဖန်တီးနေတယ်ဆိုတာ မတွေးကြပါဘူး။တစ်နေ့ကို လူတစ်ယောက် ပျှမ်းမျှပစ်လိုက်တဲ့ အမှိုက် ၄.၅ ပေါင် ရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။ မြင်တွေ့နေရတဲ့ အမှိုက်အနည်းအကျဉ်းကသာ လူတွေကို နားလည်သဘောပေါက်စေတာပါ’ လို့ Rob Greenfield က သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Greenfield ရဲ့ အမှိုက်ခရီးစဉ်ကို ဗီဒီယိုတွေ၊ တိုက်ရိုက်ထုတ်လွှင့်မှုတွေ နဲ့ဘလော့တွေ စတဲ့ အမျိုးမျိုးသော မီဒီယာ ပုံစံတွေနဲ့ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Rob က ပတ်ဝန်းကျင်ဆိုင်ရာ သိမြင်နားလည်မှုအတွက် လမ်းဘေးကြော်ငြာဆိုင်းဘုတ် တွေနဲ့ ပိုမိုသိမြင်လာအောင် ပညာပေးလုပ်ဆောင်မှာဖြစ်တဲ့အပြင် လူတွေကို သူတို့ဘ၀မှာ စွန့်ပစ်အမှိုက် သရိုက်တွေ လျော့ချပြီး ကောင်းမွန်တဲ့ပြောင်းလဲမှု လုပ်ဆောင်မယ့် စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ အင်တာနက် စာမျက်နှာပါ ဖော်ပြထားပါတယ်။


( Michelle )


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment