Powered by Blogger.

လက်တစ်ခုလုံး အသားကြိတ်စက်ထဲ ပါသွားပေမယ့် မတုန်လှုပ်တဲ့ သတ္တိခဲကလေးငယ်


တစ်နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ သူ့ရဲ့လက်ကို အသားကြိတ်စက်ထဲ ထည့်မိလိုက်ပြီး လက်တစ်ခုလုံးနီးပါ ဖြတ်လိုက်ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ အန္တရာယ်များတဲ့ စက်နဲ့အတူ ကလေးကို ဆေးရုံကို ခေါ်ဆောင်လာတာကို ဗီဒီယိုရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။


ဆီးရီးယားကနေ တူရကီကို ပြောင်းရွှေ့အခြေချတဲ့ မိသားစုထဲက ကလေးငယ် Mumin Emin အနေနဲ့ မိခင်ဖြစ်သူက ညစာအတွက် ပြင်ဆင်နေချိန်မှာ သူ့ရဲ့လက်နဲ့ စက်ကို ကုတ်ခြစ်နေရာကနေ စက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ပွားခဲ့ပြီး လက်တစ်ခုလုံး ဝင်သွားတဲ့အခါကျတော့မှ သွေးတွေကို ဖုံးအုပ်ပြီး ဆေးရုံကိုခေါ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ကလေးငယ်ဟာ အေးဆေးတည်ငြိမ်စွာပဲ ရှိနေခဲ့ပြီး ဆရာဝန်တွေက သူ့လက်ကို ထုတ်ပေးဖို့ ပြင်ဆင်ခဲ့ကြတာပါ။


နာရီဝက်အကြာမှာ စက်ကြီးကို ဖယ်ရှားနိုင်ခဲ့ပြီး ကလေးရဲ့ဖခင်ဖြစ်သူက အဲ့ဒီစက်ကို လွှင့်ပစ်ခဲ့တာကို ရိုက်ကူးပြခဲ့ပါတယ်။ ရဲတွေကတော့ ဒီဖြစ်ရပ်အပေါ် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


(Beauty Syh)
သစ်ထူးလွင် (ဗဟုသုတနဲ့ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref: The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment