Powered by Blogger.

ကြွက်တစ်ကောင်လုံးကိုတောင် ကိုက်ချီသွားတဲ့ သြစတြေးလျက ပင့်ကူဘီလူးကြီး


သြစတြေးလျနိုင်ငံသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းတစ်ယောက်ရဲ့ မီးဖိုထဲမှာ အရွယ်အစား အလွန်ကြီးမားတဲ့ ပင့်ကူတစ်ကောင်က ကြွက်တစ်ကောင်လုံးကို ကိုက်ချီသွားခဲ့တဲ့ ဗီဒီယိုကို “ဘယ်လောက်ဂေါ်လဲ၊ ကြည်ကြည့်” ဆိုပြီး ခေါင်းစဉ်တပ်ကာ ပြန်လည်မျှဝေခဲ့ပါတယ်။

ကွင်းစ်လန်းပြည်နယ်က Jason Womas ဟာ အမဲလိုက်နေတဲ့ ပင့်ကူကြီးက ကြွက်သေတစ်ကောင်ကို ရေခဲသေတ္တာနံရံပေါ်ကနေ ကိုက်ချီသွားတဲ့ ဗီဒီယိုကို ရိုက်ပြီး Facebook ပေါ်မှာ တင်ခဲ့တာပါ။

အဆိုပါ အိမ်ရှင်အနေနဲ့ ပင့်ကူကြီးကို တိရစ္ဆာန်ထိမ်းသိမ်းရေး လုပ်ငန်းလုပ်ကိုင်သူထံ ပေးခဲ့ကြောင်း သိရပါတယ်။ ဗီဒီယိုကို ဒီမှာကြည့်ရှုနိုင်ပါတယ်။


(Beauty Syh)
သစ်ထူးလွင် (ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment