Powered by Blogger.

တက်ဆက်ပြည်နယ်မှာ ခေါင်းနှစ်လုံးနဲ့ မြွေ တွေ့


တက်ဆက်ပြည်နယ်က အမျိုးသမီး တစ်ဦးက အိမ်နောက်ဖေးမှာ ခေါင်းနှစ်လုံးနဲ့မြွေကို တွေ့ရှိခဲ့ပြီး ခုဆိုရင်တော့ တက်ဆက် တိရိစ္ဆာန်ရုံကို ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

မြွေတွေကို ရောဂါပျံ့နှံမှုတွေ မရှိအောင် ရက် ၉၀ အတွင်း လုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပြီး ပြသဖို့ အချိန်ခဏတော့ ယူရမယ်လို့ တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေက ပြောပါတယ်။

ခေါင်းနှစ်လုံးနဲ့မြွေက နှစ်ကောင်ပေါင်းထားသလို ပုံစံရှိပြီး ၀န်ထမ်းတွေရဲ့ အပြောအရ ခေါင်းတစ်လုံးက အစာ စားနေချိန်မှာ နောက်တစ်လုံးက ရေသောက်တယ်လို့ သိရပါတယ်။ မြွေ က အသက်ငယ်သေးတဲ့အတွက် အစားအစာ ကျွေးချိန်က အရေးကြီးတယ်လို့လဲ ဆိုပါတယ်။

 မြွေ ရဲ့ အရှည်က ၈ ပေ ရှည်ပြီး အထီးလား အမလား ဆိုတာကို မကြာခင် မှာ စစ်ဆေးသွားဖို့ ရှိပြီး ခေါင်းတစ်လုံးကို နာမည် တစ်မျိုးစီ ပေးသွားမယ်လို့ သိရပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment