Powered by Blogger.

ကမ္ဘာပေါ်က အထူးခြားဆုံးအလုပ်


 Aleeda Rodriguez Pedrasa ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ သူမတစ်ဦးတည်းသာ လုပ်ကိုင်နေရတဲ့ ထူးထူးခြားခြား အလုပ်တစ်ခုကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ သူမဟာ ကျူးဘားနိုင်ငံမှာ ထားရှိတဲ့ ဂန္တဝင်အဆိုတော်ကြီး ဂျွန်လီနွန်ရဲ့ရုပ်တုမှ မျက်မှန်တစ်လက်ကို မပျောက်သွားအောင် စောင့်ကြည့်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်နေရတာပဲ ဖြစ်ပါတယ်။

 ကမ္ဘာကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ Beatles ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျွန်လီနွန်ရဲ့သေဆုံးမှု အနှစ်နှစ်ဆယ်ပြည့် အထိန်းအမှတ်အဖြစ် ကျူးဘားနိုင်ငံ ဟားဗားနားမြို့ရဲ့ပန်းခြံတစ်ခုမှာ ပုံတူကြေးသွန်းရုပ်ကို ပြုလုပ်ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

ရုပ်တုကိုတော့ ပန်းခြံထဲက ထိုင်ခုံလေးတစ်ခုမှာ ထိုင်နေတဲ့ပုံစံနဲ့ ပုံဖော်ပြုလုပ်ထားတာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာ နိုင်ငံအတွင်း ဝင်ရောက်လည်ပတ်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပါတော့တယ်။

 ဒီလို နာမည်ကျော်လာတဲ့တပြိုင်နက် ရုပ်တုမှာတပ်ဆင်ပေးထားတဲ့ မျက်မှန်တစ်လက်ကို ခိုးယူသွားသူများလည်း ထွက်ပေါ်လာပါတော့တယ်။ အခိုးခံရပြီး နောက်ထပ်မျက်မှန်အသစ်နဲ့ ပြန်အစားထိုးပေးပေမယ့်လဲ ခိုးယူတဲ့လူတွေကတော့ ထပ်မံခိုးယူနေတုန်းဖြစ်ပါတယ်။

ဒါကြောင့်မို့ ရုပ်တုရဲ့မျက်မှန်ကို ထိန်းသိမ်းပေးနိုင်မယ့် အလုပ်သမားတစ်ဦးကို ခန့်အပ်ထားတာဖြစ်ပြီး ဒီရာထူးကို ရရှိထားတဲ့ အသက် ၇၂နှစ်အရွှယ်ရှိ Aleeda Rodriguez Pedrasa က သူ့တာဝန်ကို အကောင်းဆုံးလုပ်ဆောင်နေနိုင်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။




( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity Central

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment