မလေးရှားနိုင်ငံက CCTV ကင်မရာတစ်ခုကနေတစ်ဆင့်ရိုက်ကူးထားနိုင်တယ်လို့ ယူဆရတဲ့ သရဲခြောက်တဲ့ ဗီဒီယိုတစ်ခုကတော့ အတော်လေးကို နာမည်ကြီးနေပါတယ်။သရဲ အခြောက်ခံရတဲ့ အမျိုးသမီးဟာ ဟိုတယ်ရဲ့ အစည်းအဝေးခန်းတွင်းမှာ တစ်စုံတစ်ယောက်ကို ဖုန်းအသုံးပြုရင်းထိုင်စောင့်နေခဲ့တာပါ။
အရင်ဆုံးတော့ အမျိုးသမီးရဲ့ နံဘေးက ခုံနဲ့ ထိုင်နေတဲ့ခုံတွေကို သရဲလို့ ထင်ရတဲ့အရာက ဝင်တိုက်သွားပြီး အမျိုးသမီးဟာ အရင်ဆုံးလဲသွားခဲ့ပါတယ်။ အနည်းငယ်လန့်သွားတဲ့ အမျိုးသမီးဟာ ထွက်ပေါက်ကို ပြေးထွက်ဖို့ ကြိုးစားခဲ့ပြီး မမြင်ရတဲ့သရဲက စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကို အသုံးပြုပြီး ပိတ်ဆို့လိုက်တာကြောင့် စားပွဲနဲ့ခေါင်းနဲ့ ဆောင့်မိခဲ့တဲ့ အမျိုးသမီးဟာ နေရာမှာတင်မေ့လဲသွားခဲ့တာကို တွေ့ရပါတယ်။
အဲ့နောက်မှာတော့ သရဲဟာ စားပွဲတွေကြားကနေ ထွက်သွားပြီး ထိုင်ခုံတစ်လုံးကို ပစ်ပေါက်သွားတာကိုလည်း တွေ့ရပါတယ်။ ဒီဗီဒီယိုထွက်ပေါ်လာမှုနဲ့ပတ်သက်ပြီးတော့ ဘယ်သူကမှာတော့ တစ်စုံတစ်ရာပြောကြားခြင်းမရှိသေးပါဘူး။
ဒါပေမယ့်လည်း ဗီဒီယိုကို ကြည့်ရှုပြီးသူတွေကတော့ “ဒါဟာ လိမ်ဆင်ပြကွက်တစ်ခုပဲဟ” “CCTV က ဘာလို့လှုပ်နေတာလဲ ” အစရှိသဖြင့် မှတ်ချက်တွေကိုပေးခဲ့ကြတာကို တွေ့ရပါတယ်။
သရဲခြောက်တဲ့ တစ်မိနစ်ကျော်စာဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။
( Mocha )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Mirror
0 comments:
Post a Comment