Powered by Blogger.

လိင်ပြောင်းလဲထားတဲ့သူတွေအတွက် Ze ဆိုတဲ့ စကားလုံးသစ်ကို အသုံးပြုဖွယ်ရှိနေ


အောက်စ်ဖို့ဒ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ကတော့ လိင်ပြောင်းလဲထားသူတွေအတွက် ခေါ်ဆိုမယ့် နာမ်စားသစ်တစ်မျိုးကို အသုံးပြုဖို့ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ရိုးရိုး ယောက်ျားလေးနဲ့ မိန်းကလေးတွေကို He, She အစသဖြင့် အသုံးပြုသလိုပဲ လိင်ပြောင်းလဲမှုခံယူထားတဲ့ Transgender တွေအတွက်လည်း Ze ဆိုတဲ့ စကားလုံးသစ်ကို သတ်မှတ်ပေးဖို့ စီစဉ်နေတာပါ။

လောလောဆယ်မှာတော့ အဆိုတင်သွင်းထားပြီဖြစ်ပြီး ကျောင်းရဲ့ seminar တွေနဲ့ အစည်းအဝေးတွေမှာ ဒီစကားလုံးပို သုံးသင့်မသုံးသင့် ဆုံးဖြတ်မှု ခံယူရအုံးမှာပါ။ လိင်ပြောင်းလဲမှု ခံယူထားတဲ့သူတွေအတွက် ဒီစာလုံးဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်လာအောင် တစ်ထောင့်တစ်နေရာကနေ ပံပိုးပေးနိုင်မယ်လို့ ကျောင်းသားက ယူဆထားပါတယ်။

ဒီလိုစကားလုံးတစ်ခု တိတိကျကျ သတ်မှတ်ပေးလိုက်မယ်ဆိုရင်တော့ transgender တွေအတွက် သီးသန့်ဖြစ်သွားပြီး ဝါကျတွင်း အသုံးပြုတဲ့အခါ လိင်ကွဲပြားမှု ပိုရှိလာမယ်လို့လည်း ခန့်မှန်းနေကြပာတယ်။

( Mocha )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment