Powered by Blogger.

ကမ္ဘာ့အသက်ကြီးဆုံးသူအဖြစ် တရားဝင်သတ်မှတ်ခံရနိုင်တဲ့ အိန္ဒိယနိုင်ငံက ဟိန္ဒူဘုန်းတော်ကြီး



 အသက် ၁၂၀ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘုန်းတော်ကြီးတစ်ပါးက အခုလို အသက်ရာကျော်ရှည်နေရခြင်းက ဗြဟ္မစရိယအကျင့်တွေကို ကျင့်ကြံအားထုတ်ပြီး နေထိုင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

 Swami Sivananda အမည်ရ ဟိန္ဒူဘုန်းတော်ကြီးက ၁၈၉၆ ခုနှစ်လောက်ကတည်းက မွေးဖွားခဲ့သူဖြစ်ပြီး တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် ဂင်းနစ်စံချိန်ဝင်အောင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။ တရားဝင်ဂင်းနစ်စံချိန်ဝင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးသူမှာ အသက် ၁၁၇နှစ်အထိသာရှိတာကြောင့် Swami အနေနဲ့ အချက်အလက်ပြည့်စုံမှန်ကန်မယ်ဆို ကမ္ဘာ့အသက်ကြီးဆုံးသူအဖြစ် တရားဝင်သတ်မှတ်ခံရမှာဖြစ်ပါတယ်။


ဒီလို အသက်ရာကျော်ရှည်ခြင်းက ယောဂကျင့်စဉ်များပြုလုပ်ခြင်း ၊ ဟင်းခတ်အမွှေးအကြိုင်များသာ စားသုံးခြင်းနဲ့ လိင်ဆက်ဆံမှု လုံးဝမရှိခဲ့ခြင်းတို့ဖြစ်ပြီး သူ့ဘဝအတွက် အရေးကြီးဆုံး လက်ကိုင်ထားခဲ့တာက စည်းကမ်းလိုက်နာမှုဖြစ်တယ်လို့ Swami က ပြောဆိုထားပါတယ်။

Swami နေ့စဉ်နေ့တိုင်း ယောဂကျင့်စဉ်ကို နာရီပေါင်းများစွာ ပြုလုပ်နေလို့ ဒီအသက်ဒီအရွှယ်အထိ ဆေးဝါးအကူအညီ ဘယ်သူ့အကူအညီမှမလိုပဲ ရှင်သန်နေထိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Swami က သူ့နာမည်ကို ဂင်းနစ်စာအုပ်မှာ မြင်တွေ့နေချင်ကြောင်းနဲ့ ဂင်းနစ်စံချိန်အတင်ခံရရင် အလွန်ဝမ်းမြောက်မိမှာဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment