Powered by Blogger.

ခွေးချစ်သူတွေ အကြိုက်တွေ့သွားမယ့် ဘန်ကောက်မြို့က ကော်ဖီဆိုင်




 သင်က ခွေးတွေကို အရမ်းချစ်တတ်တဲ့သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့  True Love Café ဆိုင်ကို တစ်ခါလောက် သွားရောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကော်ဖီဆိုင်မှာ အရသာရှိတဲ့ ထိုင်းအစားအသောက်အတွေအပြင် ချစ်စရာကောင်းတဲ့ Huskies ခွေးတွေနဲ့လည်း တွေ့ဆုံနိုင်မှာကြောင့် ဖြစ်ပါတယ်။


ဒီကော်ဖီဆိုင်ကို ၂၀၁၃ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Huskies ခွေးတွေကို မွေးမြူထားသူတစ်ဦးက ဒီကော်ဖီဆိုင်ရဲ့နောက်မှာ ခြံလေးတစ်ခုနဲ့ Huskies တွေ လာရောက်မွေးမြူထားရင်းကနေ ဆိုင်ကိုလူသိများလာခဲ့ပြီး အခုဆိုရင်တော့ ဒီကော်ဖီဆိုင်လေးဟာ ဘန်ကောက်မြို့ပေါ်မှာ ကမ္ဘာလှည့်ခရီးသည်များကို အဆွဲဆောင်နိုင်ဆုံးနေရာလေးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။


Huskies ခွေးအကောင် ၂၅ကောင်နဲ့ ဆုံစည်းချင်တယ်ဆိုရင် တစ်နာရီ ဘတ် ၃၅၀ ( အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ) ခန့် ကျသင့်မှာဖြစ်ပြီး ကိတ်မုန့်နဲ့ကော်ဖီကို အခမဲ့သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Huskies ခွေးတွေကို မထိတွေ့ခင်မှာတော့ လက်ကို ဆပ်ပြာနဲ့ဆေးကြောတာ ပိုးသတ်ဆေးနဲ့ဖြန်းတာတို့ လုပ်ရမှာဖြစ်ပြီး ခွေးတွေနဲ့ထိတွေ့တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကိုလည်း ဗီဒီယိုကနေ ကြည့်ရှုပြီးမှ ခွေးခြံထဲကို ဝင်ခွင့်ပေးတာဖြစ်ပါတယ်။



 နိုင်ငံတကာမှာ တိရစ္ဆာန်အမျိုးမျိုးနဲ့ ကော်ဖီဆိုင်ဆန်းဆန်းလေးတွေ ရှိပေမယ့် Huskies ခွေးတွေနဲ့ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ကတော့ True Love Café ဆိုင်ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးလို့တောင် သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment