Powered by Blogger.

ပိုက်ဆံတွေကို ပတ်လည်ဝတ်ဆင်ထားတဲ့ တောင်အာဖရိကနိုင်ငံက တိုင်းရင်းဆေးဆရာ


 Michael Andile Dlamini အမည်ရ တောင်အာဖရိကနိုင်ငံသား တိုင်းရင်းဆေးဆရာတစ်ဦးဟာ သူရဲ့ကျော်ကြားမှုကို ထုတ်ဖော်ကြွားဝါဖို့ ရည်ရွှယ်ချက်နဲ့ ငွေစက္ကူအစစ်များကို အဝတ်အစားပုံစံ ချုပ်လုပ်ပြီး ဝတ်ဆင်ထားလို့ အခုတလောမှာ နာမည်ကျော်နေပါတယ်။

 Dlamini ဟာ လွန်ခဲ့တဲ့သုံးနှစ်ခန့်လောက်က သူရဲ့ဘိုးဘေးတွေရဲ့စကားကို နားထောင်တဲ့အနေနဲ့ ဆေးဝါးကုသသူအဖြစ် စတင်အသက်မွေးခဲ့ပါတယ်။ ထူးဆန်းတာက သူ့ကို ဆေးဝါးကုသသူအဖြစ် အသက်မွေးအောင် ဘိုးဘေးတွေ တိုက်တွန်းခဲ့တယ်ဆိုတာ သူရဲ့အိမ်မက်ထဲမှာဖြစ်ပြီး အသက် ၁၂နှစ်အရွှယ်ခန့်က မက်ခဲ့တဲ့အိမ်မက်ထဲမှာ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

 ဒါပေမယ့် ဒီတိုက်တွန်းချက်ကို Dlamini က လျစ်လျူရှုထားခဲ့ပြီး မေ့မေ့ပျောက်ပျောက် နေထိုင်ခဲ့ကာ နောက်နှစ်အနည်းငယ်အကြာမှာ ဒီလိုအိမ်မက်မျိုး ထပ်မက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ဘိုးဘေးတွေရဲ့တိုက်တွန်းမှုကို ဂရုမစိုက်ပဲနေခဲ့ရာ နာမကျန်းဖြစ်တဲ့အထိ အကျိုးသက်ရောက်သွားခဲ့ပြီး သူ့ကိုလာရောက်ဆေးကုသပေးတဲ့သူက ဘိုးဘေးတွေရဲ့စကားကို မပယ်ရှားသင့်ကြောင်း သတိပေးလိုက်ရာကနေစပြီး ဆေးကုသသူအဖြစ် စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

 ဒီလို ဆေးဘက်ဝင်အပင်များနဲ့ ဆေးကုသသူအဖြစ် လုပ်ကိုင်ခဲ့ရမှာ ဝင်ငွေတအားကောင်းခဲ့ပြီး သူရဲ့ဆေးဝါးများကလည်း အမျိုးမျိုးအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၄ခုနှစ်ကနေ စတင်ကာ Dlamini ဟာ ပိုက်ဆံတွေကို အဝတ်အစားတွေမှာ ပတ်ပတ်လည်ချုပ်ပြီး ဝတ်ဆင်ခဲ့လို့ လူသိများလာခဲ့ပါတယ်။ လူအများစုက Dlamini ရဲ့လုပ်ရက်အပေါ် ဝေဖန်ကြထားပေမယ့် Dlamini ကတော့ ဒီပုံစံပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment