Powered by Blogger.

မြင်းတွေအတွက် ပထမဦးဆုံး ရှူးဖိနပ်ကိုတီထွင်ထုတ်လုပ်


 နှစ်ပေါင်း ၂၀၀၀ကျော်လောက်ကတည်းက မြင်းတွေရဲ့ခြေထောက်များမှာ မြင်းခွာတွေ တပ်ဆင်သုံးစွဲခဲ့ပေမယ် အခုအခါမှာတော့ သြစတြီးယားကုမ္မဏီတစ်ခုကတော့ မြင်းတွေစီးလို့ရနိုင်မယ့် ရှူးဖိနပ်တွေကို ပထမဦးဆုံးအနေနဲ့ စတင်တီထွင်လိုက်ပြီပဲဖြစ်ပါတယ်။

 မြင်းတွေစီးနိုင်မယ့် ရှူးဖိနပ်ကို တီထွင်ခဲ့သူဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြင်းတွေရဲ့အကြောင်းကို လေ့လာခဲ့ရာကနေ မြင်း ၅၀% ခန့်လောက်က ခွာတွေကြောင့် ခြေထောက်ဒဏ်ရာတွေ ခံစားလာရတာကို တွေ့ရှိလာခဲ့ရပါတယ်။ ဒါကြောင့် မြင်းတွေ သက်တောင့်သက်သာ စီးလို့ရနိုင်မယ့် ဖိနပ်ပုံစံအမျိုးမျိုးကို စမ်းသပ်ဖန်တီးခဲ့ပေမယ့် မြင်းတွေပြေးလွှားခုန်ပေါက်ရာမှာ အဆင်မပြေမှုတွေဖြစ်လာခဲ့လို့ နောက်ဆုံးမှာတော့ မြင်းစီးရူးဖိနပ်ကို တီထွင်ဖို့ကို ဆုံးဖြတ်ခဲ့လိုက်တာဖြစ်ပါတယ်။


ဒီမြင်းစီးဖိနပ်ဟာ ကြာရှည်ခံပေမယ့် ချွတ်ယွင်းချက်လေးတွေလည်း ရှိလို့နေပါတယ်။ သူရဲ့အပြစ်အနာဆာကတော့ လေးလံခြင်း ၊ လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားခြင်းနဲ့ တုန်ခါမှုကို ထိန်းပေးထားနိုင်မှုမရှိခြင်းတို့ ဖြစ်ပါတယ်။ လက်ရှိမှာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးဖြစ်လို့ လာမယ့်နှစ်အတွင်းမှာ ဈေးကွက်ထဲကို စတင်ရောင်းချသွားဖွယ် ရှိနေပါတယ်ခင်ဗျာ။


( Vitamin )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment