Powered by Blogger.

ကွန်ဒုံးတွေကို အသုံးပြုပြီး ငါးမျှားတဲ့ ကျူးဘားနိုင်ငံ


ကျူးဘားနိုင်ငံမှာတော့ ကွန်ဒုံးတွေကို ငါးမျှားတဲ့နေရာမှာ အသုံးပြုလျက်ရှိနေတယ်လို့ သိရပါတယ်။ ကျူးဘားအစိုးရဟာ လှေတွေအသုံးပြုပြီး ငါးဖမ်းတာကို ကန့်သတ်ထားပြီး ဘောလုံးပစ်ငါးဖမ်းမှုကိုတော့ ခွင့်ပြုပေးထားပါတယ်။

ပင်လယ်ငါးတွေကို ဖမ်းဖို့အတွက်တော့ ကျူးဘားတံငါသည်တွေဟာ ဈေးပေါတဲ့ ဘောလုံးတွေကို တွေ့ထားပါတယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ ကွန်ဒုံးတွေကို လေမှုတ်ပြီး ဘောလုံးပုံစံနဲ့ ငါးမျှားလျက်ရှိနေတယ်လို့ သိရပါတယ်။

ပေ ၉၀၀ ကျော်အထိ ရှည်လျားတဲ့ ဘောလုံးတန်းကြီးနဲ့ ငါးဖမ်းတာဟာ အတော်လေးကို အလုပ်ဖြစ်လျက်ရှိနေပြီး ကျူးဘားနိုင်ငံက ဟင်းပွဲတွေကို ဖြည့်ဆည်းပေးလျက်ရှိနေပါတယ်။ ကွန်ဒုံးတွေဟာ အရမ်းကို ခိုင်ခံ့တာကြောင့်လည်း အသုံးဝင်လှတယ်လို့ တံငါသည်တစ်ယောက်က ပြောပါတယ်။

ဒါ့ကြောင့် ကွန်ဒုံးရောင်းအားဟာ ကျူးဘားနိုင်ငံမှာ အရမ်းကို မြင့်တက်လျက်ရှိနေပြီး ငါးဖမ်းတစ်ခါထွက်ဖို့အတွက်တော့ ကွန်ဒုံး ဒေါ်လာ ၂၀ ဖိုးလောက်နဲ့ကို အလုပ်ဖြစ်တယ်လို့ သိရပါတယ်။

 ကျူးဘားနိုင်ငံသားတစ်ယောက်က အခုလို ကွန်ဒုံးတွေကို အသုံးပြုထားတဲ့ ဘောလုံးငါးဖမ်းနည်းကို တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပြီး အရင်းနည်းနည်းနဲ့ ဝင်ငွေများတာကြောင့် အားလုံးက ဒီနည်းကို အသုံးပြုလျက်ရှိနေပါတယ်။

ဒီလို ငါးဖမ်းတာကိုတော့ အစိုးရကလည်း ကန့်သတ်ထားခြင်းမရှိဘဲ ကျူးဘားနိုင်ငံမှာ ငါးဖမ်းမှုအတွက် အကောင်းဆုံး ကိရိယာကတော့ ကွန်ဒုံးတွေဖြစ်လျက်ရှိနေပါတယ်။

( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity Central

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment