Powered by Blogger.

တရုတ်ဘီလျံနာ Jack Ma နဲ့ တူချင်လွန်းလို့ မျက်နှာခွဲစိတ်မှုခံယူခဲ့သူ


 Jack Ma ဆိုတာ အင်တာနက်ပေါ်က အကြီးကျယ်ဆုံး အွန်လိုင်းဈေးကွက်တစ်ခုဖြစ်တဲ့ Alibaba Group ကို ဖန်တီးတီထွင်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ဘီလျံနာတစ်ဦးဖြစ်ပါတယ်။ ဒီလို သူရဲ့အောင်မြင်မှုကို အားကျနေတဲ့ စွန့်ဦးတီထွင်သူ လူငယ်တစ်ယောက်ဟာ Jack Ma လို မျက်နှာပုံစံမျိုးရဖို့အတွက် ပလတ်စတစ်ဆာဂျရီအထိပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 Huang Jian အမည်ရ စွန့်ဦးတီထွင်သူဟာ Jack Ma လို မျက်နှာပုံစံမျိုး ရရှိဖို့အတွက် တရုတ်ယွမ်တစ်သန်း ( အမေရိကန်ဒေါ်လာတစ်သိန်းခွဲခန့် ) ကို သုံးစွဲခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့ရခြင်းဟာ Jack Ma က သူ့ဘဝအတွက် အတုယူလေးစားရတဲ့ လူတစ်ယောက်ဖြစ်နေတာကြောင့်နဲ့ တစ်နေ့မှာ Jack Ma နဲ့ ဆုံတွေ့ဖို့ အခွင့်အလမ်းရှိလာအောင် ဖြစ်တယ်လို့ Huang Jian က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

 Huang Jian ရဲ့လုပ်ရက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံနှံသွားပြီး လူအများစုကတော့ Huang Jian ကို ဝေဖန်ခဲ့ကြပါတယ်။ Huang Jian အနေနဲ့ Jack Ma လို အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ယွမ်တစ်သန်းလောက်ကို စီးပွားရေးလုပ်ငန်းမှာသာ သုံးစွဲသင့်ပြီး အခုလို ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရက်မျိုးမှာ မသုံးစွဲသင့်ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် Huang Jian ရဲ့မျက်နှာဟာ Jack Ma နဲ့ ခွဲမရအောင်တူနေတဲ့အထိ ခွဲစိတ်မှုမအောင်မြင်ခဲ့ဘူးလို့လည်း ဆိုနိုင်ပါတယ်။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment