Powered by Blogger.

အချိုရည်တွေမှာ သကြားခွန်ကောက်ခံခြင်းက လူတစ်သောင်းကို အဝလွန်ခြင်းမှလျှော့ချပေးနိုင်



အချိုရည်တွေမှာ သကြားခွန်ကောက်ခံတာဟာ အရွယ်ရောက်ပြီးတဲ့ လူထောင်ပေါင်းများစွာကို အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုခဲ့ပါတယ်။

ဗြိတိနိုင်ငံက သုတေသီတွေအနေနဲ့ အချိုရည်ဈေးကွက်မှာရှိနေတဲ့ ပုလင်းတွေက သကြားပမာဏကို တိုင်းတာခဲ့ကြတာပါ။ လေ့လာချက်တွေအရ အချိုရည်တွေရဲ့ ၃၀ရာခိုင်နှုန်းဟာ သကြားပမာဏနှုန်းမြင့်တာကို တွေ့ရှိခဲ့ကြတာပါ။

ဒါကြောင့် သကြားပမာဏ ၁၅ရာခိုင်နှုန်း လျှော့ချလိုက်မယ်ဆိုရင် ၁၄၄၀၀၀ထက်နည်းတဲ့ အရွယ်ရောက်နဲ့ ကလေးသူငယ်တွေကို အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

အဲ့ဒီအပြင် အမျိုးအစား၂ ဆီးချိုရောဂါကို လူ ၁၉၀၀၀ ကကင်းလွတ်သွားမှာဖြစ်ပြီး သွားပြသနာတွေကနေလည်း လူပေါင်း ၂၆၉၀၀၀ က ချမ်းသာခွင့်ရသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။
“အချိုရည်တွေမှာပါဝင်တဲ့ သကြားပမာဏပေါ်မူတည်ပြီး အခွန်ကောက်ခံလိုက်မယ်ဆိုရင် သကြားဈေးနှုန်းတွေတက်သွားပြီး ဈေးကွက်ထဲကို သကြးပမာဏနည်းပါးတဲ့ ထုတ်ကုန်တွေဝင်ရောက်သွားမှာပါ။ အကျိုးဆက်အနေနဲ့ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ သွားကျန်းမာရေး ပြသနာတွေကို လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်” လို့ သုတေသနကိုဦးဆောင်ခဲ့တဲ့ Oxford တက္ကသိုလ် ပါမောက္ခ Dr Adam Briggs ကဆိုပါတယ်။

( U Min Thant )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: Independent

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment