Powered by Blogger.

မြေအောက်ရထားဘူတာရုံက ၁၁နှစ်သားအရွှယ် စိတ်အကြံပေးပညာရှင်လေး





စိတ်ခံစားချက်နဲ့ပတ်သတ်ပြီး အကြံညဏ်တွေ ရယူချင်ပေမယ့် အချိန်လည်းမရှိ ၊ ပိုက်ဆံလည်းအများကြီး မသုံးချင်ဘူးဆိုရင်တော့ နယူးယောက်ခ်မြို့ရဲ့မြေအောက်ရထားဘူတာရုံမှာရှိတဲ့ ၁၁နှစ်သားလေး Ciro Ortiz ဆီကို သွားဖို့လိုအပ်နေပါပြီ။

 ဒီကလေးလေးက နယူးယောက်ခ်မြို့ရဲ့မြေအောက်ရထားဘူတာရုံမှာ ဆိုင်သေးသေးလေးပုံစံလုပ်ထားပြီး စိတ်ခံစားချက်နဲ့ပတ်သတ်တဲ့ ပြသာနာတွေအတွက် အကြံပေးဖြေရှင်းပေးနေတာဖြစ်ပါတယ်။ Ciro Ortiz က တနင်္ဂနွေနေ့တိုင်း သူရဲ့စိတ်ကုထုံးဆိုင်လေးကို ဖွင့်လှစ်ဖြစ်ကာ ငါးမိနစ်တာ အကြံပေးမှုအတွက် ၂ဒေါ်လာ သတ်မှတ်လို့ထားပါတယ်။


 သူရဲ့အကြံပေးချက်တွေက ဟုတ်မဟုတ်ဆိုတာ သေချာမသိရပေမယ့် မြေအောက်ရထားစီး ခရီးသွားအများစုကတော့ Ciro Ortiz ရဲ့လုပ်ငန်းလေးကို စိတ်ဝင်စားနေကြလို့ သူတိုရဲ့အချစ်ရေး ၊ လူမှုရေးကိစ္စများအတွက် အကြံညဏ်လာရောက်တောင်းကြပါတယ်။ ဒီလိုလုပ်ကိုင်ဖို့ Ciro Ortiz ကိုယ်တိုင် စိတ်ကူးရခဲ့တာဖြစ်ပြီး တစ်ခါတစ်ရံမှာ သူရဲ့လုပ်ငန်းလေးကနေ ဒေါ်လာငါးဆယ်ခန့်လောက်အထိ ရရှိပါတယ်။


 Ciro Ortiz မိသားစုဟာ အနည်းငယ်ချို့တဲ့မိသားစုဖြစ်ပြီး Ciro Ortiz မှာလည်း ယခင်ကတည်းက တခြားကလေးများရဲ့အနိုင်ကျင့်ခြင်းကို ခံခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပါတယ်။ ဒီလို အနိမ်ခံနေရတဲ့ အဖြစ်အပျက်ကနေ ရုန်းထွက်ပြီး စိတ်ခံစားချက်အကြံပေးသမားလေးတစ်ဦးအဖြစ် လုပ်ကိုင်နေခြင်းဟာ အရွှယ်နဲ့မလိုက်အောင် ထက်မြက်ခြင်းတစ်ခုပင်ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity Central

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment