Powered by Blogger.

ခရစ္စမတ်သစ်ပင်ပေါ်ကို အမှတ်မထင်ရောက်ရှိနေတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်



သြစတြေးလျနိုင်ငံသူ အမျိုးသမီးတစ်ဦးမှာ အိမ်မှာအလှဆင်ဖို့အတွက် ခရစ္စမတ်သစ်ပင်ကို ပြင်ဆင်ထားရာ သစ်ပင်ထဲမှ အရှည်တစ်မီတာခန့်ရှိတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။

 အခုလိုတွေ့ရှိခဲ့ရတဲ့မြွေမှာ Tiger Snake အမည်ရ သြစတြေးလျတိုက်ရဲ့ကမ်းရိုးတလျောက်မှာ ကျက်စားလေ့ရှိသော မြွေတစ်ကောင်ဖြစ်ပြီး အရမ်းကိုအဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ဖြစ်ပါတယ်။ မြွေကို တွေ့ရှိခဲ့တဲ့အမျိုးသမီးဟာ လန့်ဖြတ်သွားခဲ့ပြီး မြွေကိုဖယ်ပေးဖို့ အကူအညီအမြန်တောင်းနိုင်ခဲ့တဲ့အတွက် အသက်ဘေးမှ လွတ်ကင်းခဲ့ရပါတယ်။

 မြွေကိုလာရောက်ဖမ်းပေးခဲ့သူ ဘယ်ရီစမစ်ကတော့ ဒီမြွေဟာ အိမ်ပြတင်းပေါက်ကနေ ဝင်ရောက်လာပြီး ခရစ္စမတ်သစ်ပင်ပေါ်မှာ ရစ်ခွေနေတာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင့် ဘယ်ရီစမစ်က မြွေကို တွေ့တွေ့ချင်း အိမ်ရှင်အမျိုးသမီးရဲ့လုပ်ရက်အပေါ်ကို မှန်ကန်ကြောင်း မှတ်ချက်ပြုသွားခဲ့ပြီး အိမ်ရှင်အမျိုးသမီးက မြွေကိုတွေ့တွေ့ချင်း အခန်းထဲကိုဝင်ကာ အခန်းတံခါးအပေါက်ကို လုံခြုံအောင် ပိတ်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။

 ဘယ်ရီစမစ်က အခုလို မြွေများကို မထင်မှတ်ထားတဲ့နေရာတွေမှာ မကြာခဏတွေ့ခဲ့ရကြောင်းနဲ့ သူရဲ့သက်တမ်းတလျောက် မီးဖိုချောင်များ ၊ အိမ်သာများ ၊ အဝတ်လျှော်စက်များအတွင်းကနေ မြွေများကိုဖမ်းပေးရခဲ့ဖူးကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment