အမေရိကန်နိုင်ငံ အယ်ရီဇိုးနားပြည်နယ်သား Richard Christianson ဟာ သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ လူတိုင်းမမြင်ဖူးနိုင်တဲ့ မကောင်းဆိုးဝါးပုံကြီးကို ဖော်ပြသွားခဲ့ရာ စိတ်ဝင်တစားနဲ့ ဝင်ရောက်ကြည့်ရှုသူပေါင်း ကိုးသောင်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။
ဓါတ်ပုံထဲမှာ မြင်တွေ့ရမယ့် သတ္တဝါဆန်းကြီးဟာ အတောင်ပံဖြန့်ကျက်ထားပြီး အိမ်တစ်လုံးစာလောက် ကြီးထွားနေတဲ့ မကောင်းဆိုးဝါးပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ယခင်က ရှာဖွေတွေ့ရှိခဲ့ဖူးတဲ့ မကောင်းဆိုးဝါးဓါတ်ပုံများနဲ့နည်းတူ အခုတွေ့ခဲ့တဲ့ဓါတ်ပုံမှာလည်း ဝေဝေဝါးဝါးနဲ့ မသဲကွဲတဲ့ပုံစံသာ ဖြစ်လို့နေပါတယ်။
Richard Christianson ရဲ့ဓါတ်ပုံကို ကြည့်ရှုမိသူတွေက ဒီသတ္တဝါဆန်းကြီးအပေါ် သူတို့ရဲ့အမြင်တွေကို အမျိုးမျိုးကောက်ချက်ချသွားခဲ့ပါတယ်။ တချို့က ဒါဟာ မကောင်းဆိုးဝါးမဟုတ်ပဲ ထန်းပင်တစ်ပင်ဖြစ်မယ်လို့ မှတ်ချက်ပြုကြပြီး တချို့ကလည်း ဒါဟာ ကမ္ဘာပျက်ဆီးဖို့အတွက် နမိတ်များဖတ်နေတာလို့ မှတ်ချက်ပြုထားကြပါတယ်။
ထူးခြားတဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ Freaklore.com ဝက်ဆိုဒ်ရဲ့ဖော်ပြချက်အရ Richard Christianson ရိုက်ကူးထားတဲ့ ဓါတ်ပုံထဲက သတ္တဝါဟာ အတောင်ပံကိုကြည့်ခြင်းအားဖြင့် မကောင်းဆိုးဝါးတစ်ကောင်ထက် နတ်တစ်ပါးပါးသာဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်ခင်ဗျာ။
( VitamiN )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Express
0 comments:
Post a Comment