တစ်ခါတစ်လေ ကျွန်တော်တို့တွေ အမှုမဲ့အမှတ်မဲ့ ပြုလုပ်လိုက်တဲ့အရာတွေက ကျွန်တော်တို့အတွက် အတော်လေးကို ဆိုးကျိုးဖြစ်စေတယ်ဆိုတာ သတိမထားမိကြပါဘူး။ ဒါကြောင့်မို့ သတိမထားမိပဲ ပြုလုပ်ခဲ့တဲ့ အမူအကျင့်များကြောင့် အသက်အရွှယ်အိုမင်းလာမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းများကို ဖော်ပြပေးချင်ပါတယ်။
ပထမဆုံးအကြောင်းအရင်းတစ်ခုကတော့ အိပ်ရေးဝဝမအိပ်ခြင်းပါပဲ။ တစ်ညကို ၅နာရီ ၆နာရီလောက်ပဲ အိပ်စက်ခြင်းက ပထမဦးဆုံး မျက်ကွင်းတွေညိုလာပါတယ်။ နောက်ပိုင်းမှာတော့ အားအင်ကုန်ခမ်းလာမယ်။ အရာရာကို စူးစိုက်မှု လျော့နည်းလာမယ်။ နောက်ဆုံးမှာတော့ အသက်ပါတိုလာနိုင်ပါတယ်။
နောက်တစ်ခုကတော့ အမျိုးသမီးများနဲ့ အဓိကသက်ဆိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒါကတော့ မိတ်ကပ်တွေကို လွန်စွာသုံးစွဲခြင်းဖြစ်ပါတယ်။ မိတ်ကပ်အများစုဟာ အဆီဓါတ်နဲ့ အခြေခံထုတ်လုပ်ထားတာကြောင့် မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ ၊ အယ်ကိုဟောဓါတ်တွေနဲ့ မွေးရနံတွေက မျက်နှာပေါ်က အရေးအကြောင်းတွေ ဖြစ်လာစေတဲ့ အဓိကတရားခံတွေ ဖြစ်ပါတယ်။
အထိုင်များခြင်းကလည်း အသက်အရွှယ်အိုမင်းမှုကို ဖြစ်ပွားစေရုံသာမက အသက်အန္တရာယ်ကို စိမ်ခေါ်နိုင်တဲ့ ရောဂါဆိုးကြီးများကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ အစားအသောက်နဲ့ပတ်သတ်ပြီး အချိုဓါတ်အစားများခြင်းဟာလည်း အသက်အရွှယ်အိုမင်းမှုကို အားပေးစေနိုင်ပါတယ်။ အချိုဓါတ် အစားများလာခြင်းက မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်လာစေပြီး မျက်ကွင်းများကိုလည်း တဖြည်းဖြည်း ညိုမဲလာစေပါတယ်။ ဒါကြောင့် ဒီအကျင့်အဆိုးများကို သတိထားရှောင်ကြည်ရင်း နုပျိုတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : ba-bamail
0 comments:
Post a Comment