Powered by Blogger.

ကမ္ဘာပေါ်မှာ တတ်တူးအများဆုံးထိုးထားတဲ့ အမေရိကန်စုံတွဲ



အသက် ၆၇ နှစ်အရွှယ်ရှိ Charlotte Guttenberg ဟာ ကမ္ဘာပေါ်မှာ တတ်တူးအများဆုံး သက်ရှိအမျိုးသမီးတစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်ထားနိုင်သူဖြစ်ပါတယ်။ သူမရဲ့လက်တွဲဖော်ဖြစ်တဲ့ Charles “Chuck”
Helmke မှာလည်း ခန္ဓာကိုယ်အနှံ ၉၃.၇၅ % အထိ တတ်တူးထိုးထားသူဖြစ်ပြီး တတ်တူးအများဆုံးထိုးထားတဲ့ သက်ရှိအမျိုးသားတစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

 Charlotte ဟာ လွန်ခဲ့တဲ့ ၁၁နှစ်လောက်ကစပြီး သူမရဲ့မွေးနေ့အမှတ်တရအဖြစ် လိပ်ပြာပုံစံကို ရင်ဘတ်ပေါ်မှာ တတ်တူးစထိုးမိရာကနေ တတ်တူးထိုးတာကို နှစ်သက်စွဲလန်းသွားခဲ့တာဖြစ်ပါတယ်။ အခုဆို Charlotte ခန္ဓာကိုယ်ရဲ့ ၉၁.၅ % ပေါ်မှာ တတ်တူးများစွာက နေရာယူထားတာဖြစ်ပါတယ်။ Charlotte ထိုးထားတဲ့တတ်တူးများဟာ အရောင်စုံ ကာလာစုံဖြစ်ပြီး ဂျပန်ရိုးရာ တတ်တူးပုံစံများဖြစ်ပါတယ်။


 Charlotte ရဲ့ချစ်သူဖြစ်တဲ့ Charles ကတော့ ၁၉၅၉ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်စစ်တပ်ကို ဝင်ရောက်ရင်းနဲ့ ပထမဦးဆုံး တတ်တူးထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Charles ဟာ နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ တတ်တူးတွေကို ပြန်ထိုးခဲ့တာဖြစ်ပြီး အခုဆို Charles ရဲ့ခန္ဓာကိုယ် ၉၃% ကျော်မှာ တတ်တူးများစွာ နေရာယူထားပြီး ကမ္ဘာပေါ်မှာ တတ်တူးအများဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားတာ ဖြစ်ပါတယ်။

  တတ်တူးဝါသနာပါသူချင်းဖြစ်တာကြောင့် Charles နဲ့ Charlotte တို့ဟာ စိတ်တူကိုယ်တူ ချစ်သူတွေဖြစ်လာခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက စာရေးဆရာတွေအဖြစ်နဲ့ လုပ်ကိုင်နေကြသူများလည်း ဖြစ်ပါတယ်။ တတ်တူးချစ်သူတွေ ဖြစ်နေတာနဲ့အညီ ခန္ဓာကိုယ်နေရာလွတ်တိုင်းမှာ တတ်တူးတွေဆက်ထိုးသွားဖို့ ဆန္ဒရှိကြောင်းကို အင်တာဗျူးအစီအစဉ်တစ်ခုမှာ Charles နဲ့ Charlotte စုံတွဲက ဖြေဆိုသွားခဲ့ပါတယ်ခင်ဗျာ။




( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment