Powered by Blogger.

အစားသောင်းကျန်းတဲ့ချစ်သူကို ဓါးနဲ့ထိုးမှုဖြစ်ပွား


 အင်္ဂလန်နိုင်ငံ လန်ရှိုင်းယားပြည်နယ် ဘလက်ဘန်းမြို့မှာ အာလူးကြော်အစားများတဲ့ကောင်လေးကို ချစ်သူကောင်မလေးက စိတ်ဆိုးဒေါသထွက်ပြီး မီးဖိုချောင်ဓါးနဲ့ထိုးမှု ဖြစ်ပွားသွားခဲ့ပါတယ်။

 Dianne Margaret Clayton ဆိုသူ အသက် ၃၇နှစ်အရွှယ် အမျိုးသမီးဟာ သူမရဲ့ ချစ်သူဖြစ်တဲ့ Simon Hill နဲ့အတူ သူငယ်ချင်းအိမ်မှာ သွားရောက်လည်ပတ်ရင်း Simon က အိမ်ရှင်တွေကျွေးတဲ့ အာလူးကြော်တွေကို အကုန်စားပစ်လိုက်တာကြောင့် Clayton က မကျေမနပ်ဖြစ်ပြီး မီးဖိုချောင်ထဲက ဓါးတစ်ကြောင်းကိုယူပြီး Simon ရဲ့ပခုံးကို ဓါးနဲ့ထိုးလိုက်တာဖြစ်ပါတယ်။

 Clayton က သူမရဲ့ လုပ်ရက်ကို ဝန်ခံသွားခဲ့တာကြောင့် ဘလက်လန်းတရားရုံးကနေ Clayton ကို ထောင်ဒဏ် ၂၆ပတ် ကျခံဖို့ စီရင်ချက်ချလိုက်ပါတယ်။ ဒီအမှုအတွက် Clayton ရဲ့ရှေ့နေဘက်ကနေ အသနားခံထားပြီး ဒီဖြစ်စဉ်ဖြစ်နေတုန်းက Clayton အနေနဲ့ အရက်သေစာ သောက်စားထားတာကြောင့် အရာရာကို မမှတ်မိနေနိုင်တော့ပဲ ကျူးလွန်ခဲ့မိတာဖြစ်ကြောင်းနဲ့ သူမခန္ဓာကိုယ်မှာလည်း ရှင်းပြလို့မရတဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်ကို တွေ့ရှိထားရတယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် Clayton ရဲ့ ရှေ့နေပြောဆိုချက်အရ ဒီအမှုမဖြစ်ပွားခင်အထိ Clayton နဲ့ Simon တို့နှစ်ဦးဟာ အရမ်းကိုအဆင်ပြေနေတဲ့ ချစ်သူတွေအဖြစ်ရှိခဲ့ကြောင်းကိုလည်း သိရပါတယ်။ အခုလို ချစ်သူဆီက မမျှော်လင့်ထားတဲ့ တုန့်ပြန်မှုကို ရရှိခဲ့တဲ့ Simon ကတော့ Clayton နဲ့ ဆက်တွဲဖို့ ဆန္ဒမရှိတော့ကြောင်း ထွက်ဆိုလိုက်ပါတယ်။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment