ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်မပြတ် လှုပ်ရှားရုန်းကန်နေရတယ်ဆိုပေမယ့် အချိန်တော်တော်များကိုတော့ ထိုင်ခုံတွေပေါ်မှာထိုင်နေရင်းနဲ့ ကုန်ဆုံးရလေ့ရှိနေပါတယ်။ ဒီလို အထိုင်များခြင်း တနည်းအားဖြင့် လှုပ်ရှားမှုနည်းခြင်းက ကျန်းမာရေးရှုထောင့်ကကြည့်ရင် လုံးဝမကောင်းပါဘူး။ ဘာကြောင့်မကောင်းတာလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
အထိုင်များလာတဲ့အခါ ခန္ဓာကိုယ်အတွင်းက ကောင်းမွန်တဲ့ ကိုလက်စရောဓါတ်တွေ လျော့နည်းသွားတတ်ပါတယ်။ ၂နာရီဆက်တိုက်လောက် ထိုင်လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ ကိုလက်စရောတွေ တော်တော်လေးကို နည်းပါးသွားနိုင်ပါတယ်။ ဒါတင်မကသေးပဲ အဆီတွေ ဖြိုဖျက်ပေးနိုင်တဲ့ Lipoprotein ခေါ် အင်ဇိုင်းဓါတ်ထုပ်လုပ်မှုကိုလည်း လျော့နည်းသွားစေနိုင်လို့ အဆီပိုတွေ များလာနိုင်ပါတယ်။
ထိုင်တဲ့အခါ ပုံစံတကျ မထိုင်တတ်ရင် ခန္ဓာကိုယ်ကြွက်သားတွေ နာကျင်ကိုက်ခဲရတတ်ပါတယ်။ ထိုင်တဲ့အခါမှာ သင်ရဲ့ ကိုယ်ဟန်အနေအထားက S ပုံသဏ္ဍန် ရှိနေရမှာဖြစ်ပြီး နား ၊ ပခုံး ၊ တင်ပါး ၊ ဒူးနဲ့ ခြေချင်းဝတ်တို့က တဖြောင့်တည်းရှိနေရမှာဖြစ်ပါတယ်။ ဒီလို ပုံစံတကျ မထိုင်ဘူးဆိုရင်တော့ တင်ပါးကြွက်သားတွေ ၊ ခါးနဲ့ လည်ပင်းကြွက်သားတွေလည်း နာကျင်လာနိုင်ပါတယ်။
အထိုင်များခြင်းဟာ အသက်အန္တရာယ်ကို အဓိကခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးများဖြစ်လာနိုင်စေတဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ အထိုင်များခြင်းကြောင့် ကင်ဆာရောဂါ ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါများကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လူနေမှုဘဝမှာ တစ်နေ့ကုန်ထိုင်လျက်နဲ့သာ အချိန်မကုန်ပေမယ့် အနည်းငယ်လှုပ်ရှားပေးရင်း ကျန်းမာတဲ့ဘဝကို ကြိုးစားရယူနိုင်ကြပါစေခင်ဗျာ။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Cosmopolitan
0 comments:
Post a Comment