Powered by Blogger.

ဂျပန်မလေးတွေကို ကျစ်ကျစ်လျစ်လျစ်ဖြစ်နေအောင် ထောက်ပံ့နေတဲ့အစားအစာများ


ဂျပန်မိန်းကလေးများဟာ ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်အသွယ်လျဆုံး မိန်းကလေးတွေအဖြစ် လူသိများလေ့ရှိပါတယ်။ သူတို့ကို ဒီလိုပုံစံမျိုးဖြစ်အောင် ဘယ်အရာတွေက ထောက်ပံနေလဲဆိုတာ သင်သိပါသလား။ အဓိကတော့ ဒီလိုသွယ်လျနေဖို့အတွက် အစားအစာတွေက ထောက်ပံလို့နေတာဖြစ်ပါတယ်။

 လူအများစုကတော့ ဂျပန်လူမျိုးတွေဟာ ဆူရှီလိုအစားအစာမျိုးတွေကိုသာ စားသုံးတယ်လို့ ထင်မှတ်ထားကြပေမယ့် တကယ်တော့ ဂျပန်အစားအစာတွေဟာ အမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ ဂျပန်အစားအစာအများစုဟာ အာဟာရမျှတမှုရှိပြီး ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေလည်းဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေ အများဆုံးစားသုံးလေ့ရှိတဲ့ အစားအစာများကတော့ ထမင်း ၊ ငါး ၊ ဟင်းသီးဟင်းရွှက် ၊ ကျောက်ပွင့် ၊ အသီးအနှံများနဲ့ Green Tea တို့ဖြစ်ပါတယ်။

  ဂျပန်အစားအစာအများစုဟာ ရာသီဥတုနဲ့ ဆက်နွယ်မှုများရှိနေပါတယ်။ ဘာကြောင့်ဆိုတော့ ဂျပန်လူမျိုးတွေက အစားအစာများကို ရင့်မှည့်လာတဲ့အခါမှသာ စားသောက်တတ်လို့ဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီမှာ အေးမျှမှုပေးနိုင်မယ့် အစားအစာတွေကို မှီဝဲလေ့ရှိပြီး ဆောင်းရာသီမှာတော့ အသား ၊ ငါးနဲ့ စွပ်ပြုတ်တို့ကို သုံးဆောင်လေ့ရှိပါတယ်။ ဂျပန်အစားအစာတွေက ဆီအနည်းငယ်ကိုသာ အသုံးပြုပြီး ချက်ပြုတ်တဲ့အစားအစာတွေလည်း ဖြစ်ပါသေးတယ်။

  ဂျပန်မှာ နာမည်ကျော်တဲ့ ဟင်းလျာတစ်မျိုးကတော့ အသီးအရွှက်စွပ်ပြုတ်ဖြစ်ပြီး အာဟာရဖြစ်စေမယ့် ဟင်းသီးဟင်းရွှက်ပေါင်းများစွာကို ထည့်သွင်းချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ အစားအစာစီမံတဲ့ ဂျပန်အမျိုးသမီးတွေဟာ အသီးအရွှက်စွပ်ပြုတ်မှာ ထည့်ချက်မယ့် ဟင်းခတ်အမွှေးအကြိုင်ပတ်သတ်ပြီး ဂရုတစိုက်ချိန်ဆတတ်ပါတယ်။ ဒါဟာ အစားအစာတွေကို အစပ်ဘက်မရောက်အောင် ချက်ပြုတ်တာဖြစ်ပြီး အဓိကအားဖြင့် အစာအိမ်ကို မထိခိုက်အောင် ချက်ပြုတ်တာဖြစ်ပါတယ်။

 ဂျပန်မိန်းမပျိုတွေ သွယ်လျနေစေတဲ့ အဓိကအချက်ကတော့ အထက်ကဖော်ပြခဲ့သလို အစားအသောက်နဲ့ပတ်သတ်လို့ အာဟာရမျှတအောင်စားခြင်းနဲ့ အဆီတွေ အချိုတွေကို ရှောင်ကြည်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် သင်လည်း သွယ်လျတဲ့ခန္ဓာကိုယ်မျိုးလေး အလိုရှိတယ်ဆိုရင် အစားအသောက်ပုံစံကို သတိထားလို့ဖိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Bright Side

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment