ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဒရုန်းပိုင်းလော့တစ်ယောက်ဟာ ဒရုန်ုးနဲ့ ဗီဒီယိုရိုက်ကူးနေတုန်း ရှော့ရစရာတစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒါဟာဆိုရင် Surfers လှိုင်းလုံးတွေကိုစီးနေကြတဲ့ သူတွေနားကို ရိုက်ကူးနေတုန်းမှာတွေ့ခဲ့ရတာပါ။
ပိုင်ရှင်ဖြစ်သူ Jason Griffeth ရဲ့ ပြောကြားချက်အရ သူဟာ ဒရုန်းအသစ်ကို စမ်းလိုတဲ့သဘောနဲ့ Vero ကမ်းခြေကိုရိုက်ကူးနေတုန်းမှာ လှိုင်းစီးသူတွေနားကို ငါးမန်းတွေ ကပ်လာတာ တွေ့မြင်ခဲ့ရတာပါ။
“ကျွန်တော့်လေထဲ ပေသုံးရာလောက်မှာ ရှိနေတုန်း ငါးကြီးတွေဟာ လှိုင်းစီးသူတွေနား ကပ်လာတာကို တွေ့ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ဒီဗီဒီယိုကို YouTube ပေါ်မှာတင်ခဲ့ပြီး တကယ်လည်းငါးကြီးတွေဟာ ရေကူးသူတွေနားမှာ ရစ်သီရစ်သီ လုပ်နေခဲ့တာပါ။ ရေကူးသူတွေကတော့ ထွက်ပြေးဖို့မကြိုးစားတာကြောင်း ကပ်လာတာဟာ ငါးမန်းတွေမှန်းသိဟန်မတူပါဘူး။ ဒါပေမယ့်ကံကောင်းစွာပဲ ငါးမန်းတွေဟာ အန္တရာယ်တစ်စုံတစ်ရာ မပြုပဲ ပြန်လှည့်သွားခဲ့တာပါ။
ဗီဒီယိုကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။
( U Min Thant )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Metro
0 comments:
Post a Comment