Powered by Blogger.

ရထားပေါ်မှာ အပြာကားကြည့်သူဦးရေ တိုးပွားလာခဲ့တဲ့ ၂၀၁၆ခုနှစ်


 ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်း ဗြိတိန်နိုင်ငံရဲ့ ရထားတွေပေါ်မှာ ညစ်ညမ်းတဲ့ အပြာဇာတ်ကားတွေကို ကြည့်သူရှုသူဦးရေဟာ ၂၀၁၅ခုနှစ်ကထက် သုံးဆခန့်အထိပင် တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

 ၂၀၁၆ခုနှစ်အတွင်း ရထားပေါ်မှာ ညစ်ညမ်းဗီဒီယိုကြည့်ရှုသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ခရီးသည်များဟာ သက်ဆိုင်ရာကိုတိုင်ကြားခဲ့ကြပြီး လှမ်းတိုင်ကြားဖြစ်ခဲ့တဲ့ အမှုပေါင်းမှာ ၂၆မှုအထိ ရှိခဲ့ကာ ခြောက်ဦးအထိ အဖမ်းဆီးခံခဲ့ရပါတယ်။ ဒါဟာ ၂၀၁၅ခုနှစ်နဲ့ ဖြစ်ပျက်ခဲ့တာနဲ့ ယှဉ်ကြည်မယ်ဆိုရင် အတော်လေးကွာခြားနေပါတယ်။ ၂၁၀၅ခုနှစ်တုန်းက အမှု ၁၇မှုသာ တိုင်ကြားခံခဲ့ရပြီး နှစ်ဦးသာ အဖမ်းဆီးခံခဲ့ရတယ်လို့ The Sun သတင်းစာမှာ ဖော်ပြထားခဲ့ပါတယ်။

  လူအများစီးနင်းလိုက်ပါတဲ့ ရထားလိုနေရာမျိုးတွေပေါ်မှာ ညစ်ညမ်းဇာတ်ကားကြည့်ရှုသူဦးရေ တိုးပွားလာမှုကို လျော့ချသွားဖို့အတွက် ပြစ်မှုကျူးလွန်သူများကို တွေ့ရှိပါက သတင်းပေးအကြောင်းကြားကြဖို့ ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲစခန်းမှ ထုတ်ပြန်ထားပါတယ်။ ဒီလို လူအများကြားမှာ မသင့်တော်တဲ့ပြုမှုမျိုးကို ပြုလုပ်သူများဟာ ညစ်ညမ်းဗီဒီယိုများကို စမတ်ဖုန်း သို့မဟုတ် လပ်တော့များနဲ့ ကြည့်ရှုကြတာဖြစ်ပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲစခန်း ( BTP ) မှ သတိပေးထားပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment