Powered by Blogger.

Sex Doll အရုပ်မကို အိမ်ရှင်ထိုင်နေတယ်မှတ်လို့ အိမ်ဖောက်သူခိုးတွေထွက်ပြေးသွားကြ



 အမျိုးသားတွေကို ဖျော်ဖြေမှုပေးနိုင်မယ့် Sex Doll အရုပ်မတွေဟာ ဘက်စုံ နေရာစုံမှာပါ အသုံးဝင်နေကြောင်းကို ဒီဖြစ်ရပ်လေးကနေ
သာဓကပြသွားခဲ့ပြီဖြစ်ပါတယ်။

 ပန်းချီအနုပညာလက်ရာတွေ ရောင်းချနေတဲ့ ဆိုင်ခန်းလေးထဲကို သူခိုးတွေ ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ချိန်မှာ တကယ့်လူအစစ်အတိုင်း ဖန်တီးထားတဲ့ Sex Doll အရုပ်ကြောင့် သူခိုးတွေရဲ့ အစီအစဉ် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရပ်ခြောက်ပေနီးပါးလောက်ရှိတဲ့ Sex Doll အရုပ်မက ဆိုင်ထဲက ဆိုဖာထိုင်ခုံပေါ်မှာ လူတစ်ဦးအတိုင်း ထိုင်နေတာကြောင့်ဖြစ်ပြီး သူခိုးများက ဆိုင်အတွင်းမှာ လူတစ်ယောက်ရှိနေသေးတယ်အထင်နဲ့ လာရာလမ်းအတိုင်း ပြန်လှည့်သွားခဲ့တာဖြစ်ပါတယ်။

 

ဒီလို သူခိုးတွေ ကြောက်လန့်သွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ Sex Doll အရုပ်မရဲ့အစွမ်းကို ဆိုင်ပိုင်ရှင်ဖြစ်သူ ဒါးရစ်တွမ်ဆင်က အံသြမှင်သက်နေရပြီး သူရဲ့ Sex Doll အရုပ်အကြောင်းကိုလည်း လူမှုကွန်ယက်ပေါ်မှာ ဖော်ပြသွားခဲ့ပါတယ်။ ရှိလာလို့နာမည်ပေးထားတဲ့ Sex Doll အရုပ်မဟာ သူခိုးပြေးအောင် ခြောက်လှန့်ပေးနိုင်ခဲ့တယ်ဆိုပေမယ့် သူရဲ့ အသွင်အပြင်ကတော့ အရမ်းကိုချောမောလှပတဲ့ အမျိုးသမီးတစ်ဦး ရုပ်ရည်မျိုးအတိုင်း ဖန်တီးထားတာဖြစ်လို့ သူ့အကြောင်းကို ဖတ်ရှုမိတဲ့ အမျိုးသားတချို့ဆိုရင် ရှီလာလိုပုံစံမျိုးအရုပ်ကို လိုချင်မိတဲ့အထိပါ ဖြစ်သွားခဲ့ရပါတယ်။

 အခုဆို ဆိုင်ပိုင်ရှင်ဒါးရစ်က သူရဲ့အရုပ်မလေးအတွက် လူမှုကွန်ယက်အကောင့်တစ်ခုဖြစ်ထားပေးပြီး ဗြိတိန် ၊ အမေရိက ၊ အာရှနဲ့ အရှေ့လယ်ပိုင်းဒေသပေါင်းစုံက လူများစွာနဲ့ Friends ဖြစ်နေကာ Followers ၂၅၀ခန့်လောက်လည်း ရရှိထားပြီလို့ သိရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment